SJ WorldNews - шаблон joomla Авто

ဘယ်ဂျီယံ၌ အအေးခန်း ကုန်တင်ကားမှ ရွှေ့ပြောင်းဒုက္ခသည် ၁၄ ဦးကို ရဲတပ်ဖွဲ့ ကယ်ဆယ်

Tuesday, 10 March 2020 09:17 font size decrease font size decrease font size increase font size increase font size

ဘယ်ဂျီယံနိုင်ငံ ဝါလိုနီယန်မြို့အနီး ပြင်သစ်နိုင်ငံ အရှေ့မြောက်ပိုင်းနှင့်ဆက် သွယ်ထားသော အဝေးပြေးလမ်းမ၌ အအေးခန်း ကုန်တင်ကားတစ်စီးမှ ရွှေ့ပြောင်းဒုက္ခသည် ၁၄ ဦးကို ရဲတပ်ဖွဲ့က ကယ်ဆယ်လိုက်နိုင်ကြောင်း သိရသည်။

မတ် ၈ ရက်တွင် ကုန်တင်ကားတစ်စီးအတွင်းမှ အကူအညီတောင်းခံမှုကြောင့် ရဲတပ်ဖွဲ့က ဟန့်တားရှာဖွေမှုများ ပြုလုပ်ရာ ရွှေ့ပြောင်းဒုက္ခသည် ၁၄ ဦးကို တွေ့ရှိခြင်း ဖြစ်သည်။ အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်၍ စုံစမ်းစစ်ဆေးမှု များကို စတင်လုပ်ဆောင်နေပြီ ဖြစ်သည်။

ရွှေ့ပြောင်းဒုက္ခသည်များ၏ ကျန်းမာရေး အခြေအနေမှာ စိုးရိမ်စရာမလိုကြောင်း နာမာစီရင်စု ရဲတပ်ဖွဲ့၏ ထုတ်ပြန်ချက်ကို ကိုးကား၍ Le Soir သတင်းစာက ဖော်ပြသည်။

၂ဝ၁၉ ခုနှစ် အောက်တိုဘာလတွင် ဗီယက်နမ်ရွှေ့ပြောင်း ဒုက္ခသည် ၃၉ ဦးကို အအေးခန်း ကုန်တင်ကား အတွင်း၌ အေးခဲ သေဆုံးနေသည်ကို တွေ့ရှိရသည် ဟူသော သတင်းကြောင့် ကမ္ဘာတစ်ဝန်းလုံး တုန်လှုပ်ခဲ့ရသည်။ ၄င်းကုန်တင်ကား အတွင်း၌ အသက် ၁၅ နှစ်မှ ၄၄ နှစ်အတွင်းရှိ အမျိုးသား ၃၁ ဦးနှင့် အမျိုးသမီးရှစ်ဦးတို့ လိုက်ပါလာသည်။   ထိုကုန်တင်ကားသည်လည်း ဘယ်ဂျီယံနိုင်ငံမှ ဗြိတိန်နိုင်ငံသို့ ရောက်ရှိလာခြင်း ဖြစ်သည်။ အက်ဆက်စီရင်စုရှိ စက်မှုဇုန်၌ တွေ့ရှိခြင်း ဖြစ်သည်။

ယင်းဖြစ်စဉ်နှင့် ပတ်သက်၍ ယာဉ်မောင်းနှစ်ဦး အပါအဝင် လေးဦးကို လူအစုလိုက် အပြုံလိုက် သေစေမှုဖြင့် တရားစွဲဆိုထားပြီး လူများစွာကို ဖမ်းဆီးထားကြောင်း သိရသည်။

Ref: Sputnik

Read 28 times Last modified on Tuesday, 10 March 2020 09:18