SJ WorldNews - шаблон joomla Авто

နှာခေါင်းစည်းများကို လေလံတင်ရောင်းချသည့် ဂျပန်နိုင်ငံရေးသမား တောင်းပန်

Tuesday, 10 March 2020 09:18 font size decrease font size decrease font size increase font size increase font size

နိုဗယ်ကိုရိုနာဗိုင်းရပ် ကူးစက်မှုကြောင့်  နိုင်ငံအတွင်း   နှာခေါင်းစည်းရှားပါးမှုနှင့် ကြုံတွေ့နေစဉ်  အွန်လိုင်းဈေးကွက်၌ နှာခေါင်းစည်းများကို အမေရိကန်ဒေါ်လာ ၈၆ဝဝဝ ဖြင့် လေလံတင်ရောင်းချသည့် ဂျပန်နိုင်ငံရေးသမား တစ်ဦးက မတ် ၉ ရက် တွင်  အနူးအညွတ်တောင်းပန်ကြောင်း သိရသည်။

လုပ်ငန်းရှင်တစ်ဦး ဖြစ်သည့်အပြင် ရှီဇူအိုကာစီရင်စုမှ လွှတ်တော်အမတ်တစ်ဦး ဖြစ်သည့် ဟီရိုယူကီမိုရိုတာက အွန်လိုင်း ဈေးကွက်၌ နှာခေါင်းစည်းများကို ဈေးနှုန်းအဆမတန် တိုးမြှင့်ရောင်းချကြောင်း ဝန်ခံ ပြောဆိုထားသည်။

လေလံတင် ရောင်းချသည့် နှာခေါင်းစည်း တစ်ထုပ်တွင် အခု ၂ဝဝဝ ပါရှိပြီး တစ်လတာအတွင်း ယန်း ၈ ဒသမ ၈၈ သန်းအထိ ရောင်းချနိုင်ခဲ့ကြောင်း ဟီရိုယူကီမိုရိုတာက ပြောသည်။

ယင်းနှာခေါင်းစည်းသည် တစ်ထုပ်လျှင် ယန်း ၃၄ဝဝဝ နှင့် ၁၇ဝဝဝဝ အကြားရှိ ဈေးဖြင့် ရောင်းချခြင်း ဖြစ်သည်။ ၄င်းအနေဖြင့် လွန်ခဲ့သည့် ၁ဝ နှစ်ခန့်က နှာခေါင်းစည်းများကို တစ်ထုပ်လျှင် ယန်း ၃ဝဝဝဝ ဖြင့် တရုတ်နိုင်ငံမှ ဝယ်ထားခြင်း ဖြစ်သည်။

ယင်းကဲ့သို့ ဝယ်ယူထားသည့် နှာခေါင်းစည်းများကို ၄င်း၏ကုမ္ပဏီတွင် နှစ်ပေါင်းများစွာ သိုလှောင်ကာ ဈေးနှုန်းမြှင့် ပြန်လည်ရောင်းချခြင်းမှာ   မတရားသော အကျိုးအမြတ်ရယူလိုမှု မဟုတ်ကြောင်း ၄င်းက ဆက်ပြောသည်။

သို့သော် လွှတ်တော်အမတ်တစ်ဦးဖြစ် သည့်အတွက် ၄င်း၏ကိုယ်ကျင့်သိက္ခာကို တာဝန်ယူရမည်ဟု ယူဆသည့် အနေဖြင့်  ယခုကဲ့သို့ ဝန်ခံတောင်းပန်ခြင်း ဖြစ်ကြောင်း ဟီရိုယူကီမိုရိုတာက ပြောသည်။

Ref:  The Straits Times

Read 32 times Last modified on Tuesday, 10 March 2020 09:18