SJ WorldNews - шаблон joomla Авто

အာရှရက်ဂါနီက အာဖဂန်သမ္မတအဖြစ် ကျမ်းသစ္စာ ကျိန်ဆိုစဉ် ပြိုင်ဘက်ကလည်း သမ္မတအဖြစ် ကျမ်းကျိန်

Tuesday, 10 March 2020 09:19 font size decrease font size decrease font size increase font size increase font size

အာဖဂန်နစ္စတန်နိုင်ငံ၌ လက်ရှိသမ္မတအာရှရက်ဂါနီက   ၄င်း၏ သမ္မတဒုတိယ သက်တမ်းအတွက် မတ် ၉ ရက်တွင် ကျမ်းသစ္စာကျိန်ဆိုစဉ်  ၄င်း၏အဓိကပြိုင်ဘက်ကလည်း ယင်းအခမ်းအနားကို အသိအမှတ်ပြုရန် ငြင်းဆိုပြီး  ပြိုင်ဘက်သမ္မတအဖြစ် ကိုယ်ပိုင်အခမ်းအနားပြုလုပ်၍ ကျမ်းသစ္စာကျိန်ဆိုကြောင်း သိရသည်။

ကဘူးမြို့တော်ရှိ  သမ္မတနန်းတော်၌ ကျင်းပသည့် အာရှရက်ဂါနီ၏ ကျမ်းသစ္စာကျိန်ဆိုပွဲသို့  အမေရိကန် အထူးသံတမန် ဇာမေခါလီဇတ် အပါအဝင် ပြည်ပသံတမန်များ တက်ရောက်ကြောင်း သိရသည်။

ထိုအချိန်မှာပင်    အာရှရက်ဂါနီ၏ပြိုင်ဘက်ဖြစ်သည့်   အငြင်းပွားဖွယ်ရွေးကောက်ပွဲဝင် သမ္မတကိုယ်စားလှယ်လောင်း အဗ္ဗဒူလာအဗ္ဗဒူလာကလည်း  ကိုယ်ပိုင်အခမ်းအနားပြုလုပ်ပြီး   သမ္မတအဖြစ် ကျမ်းသစ္စာကျိန်ဆိုခြင်း ဖြစ်သည်။

ထိုအချင်းအရာကို ကြည့်ခြင်းအားဖြင့် အဆိုပါ  နိုင်ငံရေးပြိုင်ဘက် အုပ်စုနှစ်ခုအကြား သဘောတူညီချက် တစ်ခုရရှိရေးအတွက် ဇာမေခါလီဇတ်၏ ကြိုးပမ်းချက်မှာ  အောင်မြင်ခြင်း မရှိကြောင်း   တွေ့ရသည်။

Ref: The Straits Times

Read 33 times Last modified on Tuesday, 10 March 2020 09:20