SJ WorldNews - шаблон joomla Авто

အသက် ၁ဝဝ ရှိ အဘိုးအို ကိုဗစ်-၁၉ ရောဂါပျောက်ကင်းသည့် အသက်အကြီးဆုံး လူနာဖြစ်လာ

Tuesday, 10 March 2020 09:20 font size decrease font size decrease font size increase font size increase font size

တရုတ်နိုင်ငံမှ အသက် ၁ဝဝ ရှိ အဘိုးအို တစ်ဦးသည် ကိုဗစ်-၁၉ ရောဂါပျောက်ကင်းသည့်  အသက်အကြီးဆုံး လူနာဖြစ်လာကြောင်း သိရသည်။

ဝူဟန်မြို့မှ  အသက် ၁ဝဝ ရှိ အဘိုးအို တစ်ဦးသည် ကိုဗစ်-၁၉ ရောဂါပျောက်ကင်း သွားသည့်အတွက် ဆေးရုံမှ ဆင်းလာနိုင်ပြီ ဖြစ်ကြောင်း၊ ထို့ကြောင့် အဆိုပါ အဘိုးအိုသည် ကိုဗစ်-၁၉ ရောဂါပျောက်ကင်းသည့် အသက်အကြီးဆုံး လူနာဖြစ်လာကြောင်း တရုတ်နိုင်ငံပိုင် သတင်းဌာန တစ်ခုက ဖော်ပြသည်။ အမည်ဖော်ပြထားခြင်း မရှိသည့် အဆိုပါ အဘိုးအိုသည် နိုဗယ်ကိုရိုနာဗိုင်းရပ် ကူးစက်ခံရပြီးနောက် ဝူဟန်မြို့ရှိ ဆေးရုံတစ်ရုံသို့ ဖေဖော်ဝါရီ ၂၄ ရက်တွင် ရောက်ရှိလာကြောင်း Xinhua  သတင်းဌာနက မတ် ၈ ရက်တွင် ဖော်ပြသည်။

ယင်းနောက် အဘိုးအိုသည် ဆေးရုံ၌ ၁၃ ရက်ကြာကုသမှု ခံယူပြီးနောက် ရောဂါပျောက်ကင်းပြီး  ဆေးရုံဆင်းခွင့် ရရှိခြင်း ဖြစ်သည်။

အဘိုးအိုကို ကုသသည့် ကုထုံးများတွင် ပိုးသတ်ဆေး တိုက်ခြင်းအပြင် သွေးရည်ကြည် လဲလှယ်ခြင်းနှင့် တရုတ်တိုင်းရင်း ဆေးဝါးများဖြင့် ကုသမှုတို့ ပါဝင်သည်။

ထိုအဘိုးအိုသည်  ဗိုင်းရပ်ကူးစက်ခြင်း မခံရမီ မှတ်ဉာဏ်ချို့ယွင်းမှု ရောဂါအပြင်  သွေးတိုးနှင့် နှလုံးရောဂါတို့ကိုပါ ခံစားနေရသူ ဖြစ်ကြောင်း သိရသည်။

Ref: Sputnik

Read 50 times Last modified on Tuesday, 10 March 2020 09:21