Print this page

တောင်ကိုရီးယား၌ နိုဗယ်ကိုရိုနာဗိုင်းရပ် ကူးစက်ခံရသူ ခြောက်ဦးက ဆေးမစစ်ရသေးခင် သွေးလှူမိခဲ့

Tuesday, 10 March 2020 09:22 font size decrease font size decrease font size increase font size increase font size

တောင်ကိုရီးယားနိုင်ငံ၌  နိုဗယ်ကိုရိုနာဗိုင်းရပ် ကူးစက်ခံထားရသူခြောက်ဦးက   ၄င်းတို့တွင် ဗိုင်းရပ်ကူးစက်ခံရခြင်း ရှိ၊ မရှိ ဆေးမစစ်ရသေးခင် သွေးလှူမိခဲ့သည့် ဖြစ်စဉ်ဖြစ်ပွားကြောင်း သိရသည်။

အဆိုပါ လူနာခြောက်ဦးသည် ဗိုင်းရပ်ကူးစက်ခံရခြင်း ရှိ၊ မရှိ မသိရသေးခင် သီတင်းပတ်နှစ်ပတ်အတွင်း သွေးလှူဒါန်းပွဲ၌ ပါဝင်ခဲ့မိကြောင်း KBS သတင်းဌာနက ဖော်ပြသည်။  လှူဒါန်းထားသည့်သွေးများကို ပြန်အပ်ရန်မှာကြား ထားသော်လည်း သွေးထက်ဝက်နီးပါးမှာ လူနာကိုးဦးကို သွင်းပေးပြီးဖြစ်သည်။

ဒဲဂူမြို့မှ လူနာတစ်ဦးသည် ဖေဖော်ဝါရီ ၁၃ ရက်တွင် သွေးလှူပြီးနောက် ဗိုင်းရပ်ကူးစက်ခံရသည့် လက္ခဏာများ စတင်ပြသလာသည်ဟု Global Times သတင်းဌာနက ဖော်ပြသည်။ ၄င်းလူနာသည် ဖေဖော်ဝါရီ ၂၃ ရက်တွင် ဗိုင်းရပ်ကူးစက်ခံရသည်ကို စစ်ဆေးတွေ့ရှိသည်။ တောင်ကိုရီးယားနိုင်ငံ၌ မတ် ၉ ရက်တွင် ဗိုင်းရပ်ကူးစက်ခံရသူ နောက်ထပ် ၂၄၈ ဦး တွေ့ရှိသဖြင့် ကူးစက်ခံရသူ စုစုပေါင်း ၇၃၈၂ ဦးရှိလာပြီ ဖြစ်သည်။ နိုင်ငံအတွင်း နိုဗယ်ကိုရိုနာဗိုင်းရပ် စတင်တွေ့ရှိသည့် ဒဲဂူမြို့နှင့်ဝန်းကျင် ဒေသများတွင် ဗိုင်းရပ်ကူးစက်ပျံ့နှံ့မှုကို  ထိန်းချုပ်နိုင်ပြီ ဖြစ်သော်လည်း  အစိုးရက တရုတ်နှင့် အီတလီနိုင်ငံတို့ ကဲ့သို့ပင် လူများ၏ လှုပ်ရှားသွားလာမှုများကို ထိန်းချုပ်ထားသည်။

Ref: The Straits Times

Read 66 times Last modified on Tuesday, 10 March 2020 09:22