SJ WorldNews - шаблон joomla Авто

နိုဗယ်ကိုရိုနာဗိုင်းရပ် စတင်ကူးစက်မှု ဖြစ်ပွားရာ ဝူဟန်မြို့သို့ သမ္မတရှီကျင့်ဖျင် ပထမဆုံးအကြိမ် သွားရောက်

Wednesday, 11 March 2020 09:13 font size decrease font size decrease font size increase font size increase font size

တရုတ်အစိုးရက လုပ်ဆောင်နေသည့် နိုဗယ်ကိုရိုနာဗိုင်းရပ်ကူးစက်မှု တိုက်ဖျက်ရေး ဆောင်ရွက်ချက်များသည် ထိရောက်မှုရှိသည်ကို ပြသသည့်အနေဖြင့်   သမ္မတရှီကျင့်ဖျင်က   ဗိုင်းရပ်စတင်ကူးစက်မှု ဖြစ်ပွားရာ ဝူဟန်မြို့သို့ မတ် ၁ဝ ရက်တွင် သွားရောက်ခဲ့ကြောင်း သိရသည်။

နိုင်ငံအတွင်း၌  ဗိုင်းရပ်ထပ်မံကူးစက်ခံရသူ အရေအတွက်မှာ မတ် ၉ ရက်တွင် ၁၉ ဦးသာရှိကြောင်း အစိုးရက မတ် ၁ဝ ရက်အစောပိုင်းတွင် ထုတ်ပြန်ထားသည်။ ထို့ပြင်ဟူဘေးပြည်နယ်ပြင်ပရှိ အခြားဒေသများတွင် သုံးရက်ဆက်တိုက် ရောဂါပိုးကူးစက်မှု မရှိကြောင်း သိရသည်။

နိုဗယ်ကိုရိုနာဗိုင်းရပ်ကို  တရုတ်နိုင်ငံ ဟူဘေးပြည်နယ် ဝူဟန်မြို့၌ စတင်တွေ့ရှိခဲ့ခြင်း ဖြစ်ပြီး ယင်းဗိုင်းရပ်သည်  ယခုအခါ အမေရိကန်ပြည်ထောင်စု အပါအဝင် အခြားနိုင်ငံ အများအပြားသို့ ကူးစက်ပျံ့နှံ့လျက်ရှိသည်။

နိုဗယ်ကိုရိုနာဗိုင်းရပ် စတင်ကူးစက်မှု ဖြစ်ပွားရာ ဝူဟန်မြို့သို့ သမ္မတရှီကျင့်ဖျင် ပထမဆုံးအကြိမ် သွားရောက်တရုတ်အစိုးရက လုပ်ဆောင်နေသည့် နိုဗယ်ကိုရိုနာဗိုင်းရပ်ကူးစက်မှု တိုက်ဖျက်ရေး ဆောင်ရွက်ချက် များသည် ထိရောက်မှုရှိသည်ကို ပြသသည့်အနေဖြင့်   သမ္မတရှီကျင့်ဖျင်က   ဗိုင်းရပ်စတင်ကူးစက်မှု ဖြစ်ပွားရာ ဝူဟန်မြို့သို့ မတ် ၁ဝ ရက်တွင် သွားရောက်ခဲ့ကြောင်း သိရသည်။

နိုင်ငံအတွင်း၌  ဗိုင်းရပ်ထပ်မံကူးစက်ခံရသူ အရေအတွက်မှာ မတ် ၉ ရက်တွင် ၁၉ ဦးသာ ရှိကြောင်း အစိုးရက မတ် ၁ဝ ရက် အစောပိုင်းတွင် ထုတ်ပြန်ထားသည်။ ထို့ပြင်ဟူဘေးပြည်နယ်ပြင်ပရှိ အခြားဒေသများတွင် သုံးရက်ဆက်တိုက် ရောဂါပိုးကူးစက်မှု မရှိကြောင်း သိရသည်။

နိုဗယ်ကိုရိုနာဗိုင်းရပ်ကို  တရုတ်နိုင်ငံဟူဘေးပြည်နယ် ဝူဟန်မြို့၌ စတင်တွေ့ရှိခဲ့ခြင်း ဖြစ်ပြီး ယင်းဗိုင်းရပ်သည်  ယခုအခါ အမေရိကန်ပြည်ထောင်စု အပါအဝင် အခြားနိုင်ငံ အများအပြားသို့ ကူးစက်ပျံ့နှံ့ လျက်ရှိသည်။

Ref: ST

Read 35 times Last modified on Wednesday, 11 March 2020 09:15