SJ WorldNews - шаблон joomla Авто

နိုဗယ်ကိုရိုနာ ဗိုင်းရပ်ကူးစက်မှုကြောင့် ဖိလစ်ပိုင်က အရေးပေါ် အခြေအနေ ထုတ်ပြန်

Wednesday, 11 March 2020 09:16 font size decrease font size decrease font size increase font size increase font size

နိုဗယ်ကိုရိုနာ ဗိုင်းရပ်ကူးစက်မှုသည် ဖိလစ်ပိုင်နိုင်ငံ၏မြို့တော်  မနီလာနှင့် အနီးနားရှိ မြို့ပြဒေသများသို့ ကူးစက်ပျံ့နှံ့လာသဖြင့်  နိုင်ငံအတွင်း အရေးပေါ်အခြေအနေ တစ်ရပ်ကို    အစိုးရက ထုတ်ပြန်ကြေညာကြောင်း သိရသည်။

ဗိုင်းရပ်ကူးစက်မှုသည်   အရေးပေါ်အခြေအနေတစ်ရပ်ကို ဖြစ်ပေါ်စေခဲ့ပြီး အမျိုးသားလုံခြုံရေးကိုပါ ခြိမ်းခြောက် လာကြောင်း၊ ထို့ကြောင့် အစိုးရတစ်ရပ်လုံး အနေဖြင့် ချဉ်းကပ်လုပ်ဆောင်ရမည် ဖြစ်ကြောင်း မတ် ၉ ရက်ကထုတ်ပြန်သည့် အရေးပေါ်ကြေညာချက်တွင်  ဖိလစ်ပိုင်သမ္မတ  ရိုဒရီဂိုဒူတာတေက ပြောသည်။   နိုင်ငံအတွင်း လူ ၁ဝ  ဦး ဗိုင်းရပ်ထပ်မံ ကူးစက်ခံရပြီးနောက်  ရောဂါပိုးကူးစက်ခံရသူ အရေအတွက်မှာ လက်ရှိတွင်  ၂ဝ   ဦးအထိ မြင့်တက်လာပြီဖြစ်သည်။

ဗိုင်းရပ်ကူးစက်မှုများ ထပ်မံဖြစ်ပွားနေခြင်းကြောင့် ကျန်းမာရေးဝန်ကြီးဌာနက ဒုတိယအဆင့် အမြင့်ဆုံး သတိပေးချက်ကို  ပြီးခဲ့သည့် သီတင်းပတ်အကုန်တွင် ထုတ်ပြန်သည်။  ထို့ပြင်  ယခုအခါ နိုင်ငံအတွင်းရှိ ပြည်သူများကြား ဗိုင်းရပ်ကူးစက်နေပြီဖြစ်ကြောင်း  ဝန်ကြီးဌာနက အတည်ပြုပြောဆိုသည်။

ရောဂါပိုးကူးစက်မှုကို ထိန်းချုပ်နိုင်ရေးအတွက် အာဏာပိုင်များက မြို့ကြီးသုံးမြို့နှင့် မြို့ငယ်နှစ်မြို့ရှိ စာသင်ကျောင်း များကို ပိတ်ထားပြီး  ရောဂါပိုးသန့်စင်ရေး လုပ်ငန်းများကို     ယခုသီတင်းပတ်အတွင်း လုပ်ဆောင်မည်ဖြစ်ကြောင်း  သိရသည်။    

Ref: The JKT Post

Read 39 times Last modified on Wednesday, 11 March 2020 09:17