SJ WorldNews - шаблон joomla Авто

အာဖဂန်နစ္စတန်ရှိ စစ်အခြေစိုက် စခန်းများမှ အမေရိကန် တပ်ဖွဲ့ဝင်များ ပြန်လည်ဆုတ်ခွာ

Wednesday, 11 March 2020 09:17 font size decrease font size decrease font size increase font size increase font size

အာဖဂန်နစ္စတန်တွင်  တပ်စွဲထားသည့် အမေရိကန်တပ်ဖွဲ့ဝင်များသည် ယင်းနိုင်ငံအတွင်းရှိ စစ်အခြေစိုက်စခန်းနှစ်ခုမှ စတင်ဆုတ်ခွာသွားပြီ ဖြစ်ကြောင်း    အမေရိကန် အရာရှိတစ်ဦးက မတ် ၁ဝ ရက်တွင် ပြောသည်။

အာဖဂန်နစ္စတန်တွင် အကြမ်းဖက်တိုက်ခိုက်မှုများနှင့် နိုင်ငံရေးပဋိပက္ခများ ဆက်လက်ဖြစ်ပွားနေသော်လည်း အာဖဂန်အစိုးရနှင့် တာလီဘန်စစ်သွေးကြွအဖွဲ့ကြား ငြိမ်းချမ်းရေး ဆွေးနွေးပွဲများ ကျင်းပရန်  ရက်ပိုင်းအလိုတွင်  အမေရိကန်တပ်ဖွဲ့ဝင်များ နိုင်ငံအတွင်းမှ ပြန်လည်ဆုတ်ခွာသွားခြင်း ဖြစ်သည်။ အမေရိကန် အစိုးရသည် ကာတာနိုင်ငံ  ဒိုဟာမြို့တွင် ပြီးခဲ့သည့်လအတွင်း တာလီဘန်များနှင့် လက်မှတ်ရေးထိုးခဲ့သည့် သဘောတူညီချက်အရ ၄င်းတို့၏ တပ်များအား ပြန်လည်ဆုတ်ခွာ၍ ကာလရှည်ကြာ ဖြစ်ပွားနေသည့် လက်နက်ကိုင်ပဋိပက္ခကို အဆုံးသတ်ရန် ဆန္ဒပြင်းပြလျက်ရှိသည်။ အဆိုပါ သဘောတူညီချက်အရ အာဖဂန်နစ္စတန်တွင် တပ်စွဲထားသည့် ပြည်ပတပ်ဖွဲ့ အားလုံးအနေဖြင့် ၁၄ လအတွင်းအပြီးသတ် ဆုတ်ခွာရမည်ဖြစ်သည်။   ထို့ပြင်တာလီဘန်များနှင့်  လက်မှတ် ရေးထိုးခဲ့သည့် သဘောတူညီချက်အရ အမေရိကန်စစ်ဘက်က အာဖဂန်နစ္စတန် တစ်ဝန်းလုံးတွင် ဖွင့်လှစ်ထားသည့် စစ်အခြေစိုက်စခန်း ၂ဝ ခုကို ပိတ်ပစ်၍ လာမည့်ဇူလိုင်လလယ်ပိုင်းတွင်   တပ်ဖြန့်ထားသည့် အမေရိကန်စစ်သည် အရေအတွက်ကို လျှော့ချရန်စီစဉ်ထားသည်။

ယခုအခါ အမေရိကန်တပ်ဖွဲ့ဝင်များသည် ဟဲမန်းပြည်နယ် မြို့တော်လက်ခါဂါးနှင့် နိုင်ငံအရှေ့ဘက်ရှိ ဟီရက်ပြည်နယ်ရှိ စစ်အခြေစိုက်စခန်းများမှ ပြန်လည်ဆုတ်ခွာသွားပြီဖြစ်ကြောင်း   အမည်မဖော်လိုသူ အမေရိကန် အရာရှိတစ်ဦးက  ပြောထားကြောင်း သိရသည်။ ကန်ဒါဟာပြည်နယ်နှင့် ထိစပ်နေသည့် ဟဲမန်းပြည်နယ်သည် တာလီ ဘန်များ၏  အခိုင်အမာ ခြေကုပ်ယူထားသည့် ဒေသတစ်ခုဖြစ်သည်။  

 Ref: ST

Read 50 times Last modified on Wednesday, 11 March 2020 09:18