SJ WorldNews - шаблон joomla Авто

တရုတ်တွင်ဗိုင်းရပ်ကူးစက်မှု နှေးကွေးလာခြင်းကြောင့် ရှန်ဟိုင်း ဒစ်စနေးလန်းကို ပြန်လည် ဖွင့်လှစ်မည်

Wednesday, 11 March 2020 09:18 font size decrease font size decrease font size increase font size increase font size

နိုင်ငံအတွင်း   နိုဗယ်ကိုရိုနာဗိုင်းရပ် ကူးစက်မှု နှေးကွေးလာပြီ ဖြစ်သောကြောင့် ပထမဆုံးခြေလှမ်းအဖြစ်  ရှန်ဟိုင်းမြို့ရှိ ဒစ်စနေးလန်းကို ပြန်လည်ဖွင့်လှစ်မည် ဖြစ်ကြောင်း ဝေါ့ဒစ်စနေးကုမ္ပဏီက ထုတ်ပြန်သည်။

ဒစ်စနေးလန်းသို့ လာရောက်လည်ပတ်သူ အားလုံးအနေဖြင့် အပူချိန်စစ်ဆေးမှု ခံယူရမည်ဖြစ်ပြီး  လည်ပတ်နေစဉ် အတွင်း နှာခေါင်းစည်းများကို ဝတ်ဆင်ရမည်ဖြစ်ကြောင်း ဝေါ့ဒစ်စနေးကုမ္ပဏီက မတ် ၉ ရက်တွင်ပြောသည်။  ထို့ပြင်  ဈေးဝယ်စင်တာတချို့၊  စားသောက်ဆိုင်များနှင့် အပန်းဖြေ အစီအစဉ်များကို ပြန်လည်ဖွင့်လှစ်မည် ဖြစ်ကြောင်း ကုမ္ပဏီကဆက်ပြော သည်။ သို့ရာတွင်   ရောဂါပိုးကူးစက်မှု အန္တရာယ်ကြောင့် ပင်မပန်းခြံကိုမူ ဆက်လက်ပိတ်ထားမည် ဖြစ်သည်။

ဗိုင်းရပ်ကူးစက်မှုကို ထိန်းချုပ်ကာကွယ်နိုင်ရေးအတွက် အာဏာပိုင်များက ရှန်ဟိုင်းဒစ်စနေးလန်းအား  ယခုနှစ် ဇန်နဝါရီ ၂၅   ရက်မှစ၍  ပိတ်ပစ်ခဲ့ခြင်း ဖြစ်သည်။

အလားတူ ဗိုင်းရပ်ကူးစက် ပျံ့နှံ့မှုကြောင့် ဟောင်ကောင်  ဒစ်စနေးလန်းနှင့် တိုကျိုမြို့ရှိ ဒစ်စနေးလန်းတို့ကိုလည်း ရှေ့ဆင့်နောက်ဆင့်ဆိုသလို ပိတ်ခဲ့သည်။

ဒစ်စနေးလန်းများကို  နောက်ထပ်နှစ်လကြာ  ဆက်လက် ပိတ်ထားမည်ဆိုပါက ရှန်ဟိုင်း ဒစ်စနေးလန်းမှ ရရှိသည့် ဝင်ငွေအနက် ဒေါ်လာ ၁၃၅ သန်းနှင့်ဟောင်ကောင် ဒစ်စနေးလန်းမှ ရရှိနေသည့် အမြတ်ဝင်ငွေများမှ ဒေါ်လာ သန်း ၄ဝ လျော့ကျလာဖွယ်ရှိကြောင်း  ဝေါ့ဒစ်စနေးကုမ္ပဏီက ပြီးခဲ့သည့်လအတွင်း ထုတ်ပြန်သည်။ တရုတ်တွင် မကြာမီရက်ပိုင်းအတွင်း   ဗိုင်းရပ်ကူးစက်ခံရသူဦးရေမှာ ကျဆင်းလာခဲ့ပြီး ပြည်ပနိုင်ငံများတွင် ဖြစ်ပွားနေသည့် ဗိုင်းရပ်ကူးစက်မှု နှုန်းသည်   တရုတ်နိုင်ငံတွင် ဖြစ်ပွားနေသည့် နှုန်းထက် ပိုမိုမြင့်တက်လျက်ရှိကြောင်း သိရသည်။  

Ref: Usnews

Read 44 times Last modified on Wednesday, 11 March 2020 09:19