SJ WorldNews - шаблон joomla Авто

ပြည်နယ်အတွင်းရှိ အကျဉ်းထောင်များကို စောင့်ကြည့်ရန် မောင်းသူမဲ့လေယာဉ်များကို အိန္ဒိယ အသုံးပြုမည်

Wednesday, 11 March 2020 09:19 font size decrease font size decrease font size increase font size increase font size

အိန္ဒိယအစိုးရသည် တမီးနာဒူးပြည်နယ် အတွင်းရှိ အကျဉ်းထောင်များကို စောင့်ကြည့်ရန်အတွက် မောင်းသူမဲ့လေယာဉ်များကို အသုံးပြုမည်ဖြစ်ကြောင်း ဒေသတွင်း မီဒီယာတစ်ခုက ထုတ်ပြန်သည်။

မောင်းသူမဲ့လေယာဉ်များအား ပြည်နယ်အကျဉ်းထောင်များရှိ အကျဉ်းသားများနှင့် အကျဉ်းထောင်အစောင့်များအား စောင့်ကြည့်ရာတွင် အသုံးပြုမည်ဖြစ်ပြီး အကျဉ်းထောင်အတွင်းသို့ လက်နက်ခဲယမ်းများနှင့် မူးယစ်ဆေးဝါးများသယ်ယူ ပို့ဆောင်ခြင်းမရှိစေရန် စောင့်ကြည့်ခြင်းဖြစ်ကြောင်း ဒေသတွင်း မီဒီယာတစ်ခုက မတ် ၉ ရက်တွင် ထုတ်ပြန်သည်။

အကျဉ်းထောင်များအား  စောင့်ကြည့်ရေး ပထမအဆင့်အနေဖြင့်   ရဲတပ်ဖွဲ့အားမောင်းသူမဲ့လေယာဉ်ကိုးစင်း  ဝယ်ယူရန် ပြည်နယ်အစိုးရက  တိုက်တွန်းထားသည်။

ဝယ်ယူမည့်မောင်းသူမဲ့ လေယာဉ်တစ်စင်း၏ တန်ဖိုးမှာ ဒေါ်လာ ၃ဝဝဝ ခန့်ရှိကြောင်း သိရသည်။

တမီးနာဒူးပြည်နယ်တွင် အကျဉ်းထောင် စုစုပေါင်း ၁၃ ခုရှိပြီး ၄င်းတို့အနက်လေးခုမှာ အမျိုးသမီးသီးသန့် အကျဉ်းထောင်များ ဖြစ်သည်။ အဆိုပါ အကျဉ်းထောင်အဆောက်အအုံများသည် ကြီးမားပြီး အကျဉ်းထောင် တစ်ခုစီတွင် အကျဉ်းသားထောင်ပေါင်းများစွာကို ထိန်းသိမ်းထားသည်။

အကျဉ်းထောင်များအား ထိန်းသိမ်းစောင့်ကြည့်ရာတွင် မောင်းသူမဲ့လေယာဉ်များအား အသုံးပြုခြင်းသည် အကျဉ်းထောင်စောင့် လူအင်အား နည်းပါးခြင်းကို ကာမိစေရန် လုပ်ဆောင်ရာ၌ အထောက်အကူပြုစေမည် ဖြစ်ကြောင်း မီဒီယာများက ဖော်ပြထားသည်။

အိန္ဒိယနိုင်ငံသည် နိုင်ငံအတွင်းရှိ သစ်တောဧရိယာများကို စောင့်ကြည့်ရန် မောင်းသူမဲ့လေယာဉ်များကို ၂ဝ၁၄-၂ဝ၁၅ ခုနှစ်များတွင် စတင်ထုတ်လုပ် အသုံးပြုခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

Ref: Sputnik

Read 55 times Last modified on Wednesday, 11 March 2020 09:21