SJ WorldNews - шаблон joomla Авто

သက်တမ်း ၄၇ဝဝ ရှိ ပထမဆုံးသော အီဂျစ်ပိရမစ်ကို အများသူငါ ကြည့်ရှုလေ့လာနိုင်တော့မည်

Wednesday, 11 March 2020 09:21 font size decrease font size decrease font size increase font size increase font size

သက်တမ်းအားဖြင့် နှစ်ပေါင်း ၄၇ဝဝ ရှိ ရှေးဟောင်း အီဂျစ်ပိရမစ်တစ်ခုကို ဗြိတိန်အင်ဂျင်နီယာများက  ပြုပြင်ပြီးနောက် နှစ်ပေါင်း ၉ဝ အတွင်း  ပထမဆုံးအကြိမ် အဖြစ် ပြည်သူများ  ကြည့်ရှုလေ့လာရန်အတွက် ဖွင့်လှစ်ပေးလိုက်ပြီ ဖြစ်သည်။ ယခုဖွင့်လှစ်လိုက်သည့် ပိရမစ်ကို ဂျိုဆာဟု အမည်ပေးထားပြီး အမြင့်ပေ၂ဝဝ (၆ဝ မီတာ)ရှိသောကြောင့်  အီဂျစ်နိုင်ငံတွင် ပထမဆုံးသော ပိရမစ်ဖြစ်ပြီး ကမ္ဘာ့သက်တမ်းအရင့်ဆုံး အဆောက်အအုံလည်း ဖြစ်သည်။

အဆိုပါပိရမစ်ကို  ရှေးခေတ်အီဂျစ်ဗိသုကာပညာရှင်များက မြို့တော်ကိုင်ရို၏ တောင်ဘက်ရှိ  ဆက်ကာရာရင်ပြင်တွင် ဆောက်လုပ်ခဲ့ခြင်း ဖြစ်သည်။ ယင်းပိရမစ်ကို ခေတ်ဟောင်းနိုင်ငံတော်အား တည်ထောင်ခဲ့သည့် ဘုရင်ဂျိုဆာ၏ နောက်ဆုံးအနားယူလဲလျောင်းရာ နေရာတစ်ခုအဖြစ် တည်ဆောက်ခဲ့ဖွယ်ရှိသည်။ သို့ရာတွင် နှစ်ပေါင်းထောင်ချီ လာသည်နှင့်အမျှ ဘုရင်ဟောင်း၏ ဂူဗိမာန်အား အထောက်အကူပြုခဲ့သည့် တံတိုင်းများ၊ ရက်မ များမှာ ခိုင်ခံ့မှု အားနည်းလာခြင်းကြောင့် ယိုင်နဲ့လာသည့် အဆိုပါပိရမစ်အား  ဗြိတိန်နိုင်ငံနယူးပေါ့မြို့မှ အင်ဂျင်နီယာ တစ်ဦးဖြစ်သူ ပီတာဂျိမ်းက ၂ဝ၁၁ ခုနှစ်မှစ၍ ပြန်လည်တည့်မတ်ပေးခဲ့ခြင်း ဖြစ်သည်။  ၄င်း၏ ပြုပြင်မွမ်းမံမှုကြောင့် ပိရမစ်မှာ ယခုအခါနိုင်ငံတကာမှ ခရီးသွားများ လေ့လာစရာနေရာတစ်ခုဖြစ်လာခဲ့ပြီ ဖြစ်သည်။ ပိရမစ်သို့ လာရောက် လည်ပတ်သူများ အနေဖြင့် ဘုရင်ဂျိုဆာ၏ လဲလျောင်းရာဂူကို ၁၉၃ဝ  ပြည့်နှစ်မှစ၍  ပထမဆုံးအကြိမ်အဖြစ်  လေ့လာကြည့်ရှုနိုင်မည်ဖြစ်သည်။ အဆိုပါ ဂူကို လုံခြုံရေးအရ သက်ဆိုင်ရာ အဖွဲ့အစည်းများက  ပိတ်ပစ်ခဲ့ခြင်း ဖြစ်သည်။

ဘုရင်ဂျိုဆာ၏ သင်္ချိုင်းဂူကို ပြန်လည်ပြုပြင်ခြင်းသည် အလွန်အန္တရာယ်ကြီးမားသည့် လုပ်ဆောင်ချက်ဖြစ်ကြောင်း ပြုပြင်မွမ်းမံရေးကုမ္ပဏီမှ စီမံခန့်ခွဲရေးညွှန်ကြားရေးမှူး  ဂျိမ်းက သတင်းထောက်များအား ပြောသည်။

ဘရင်ဂျိုဆာ၏ ပိရမစ်ကို တည်ဆောက်သည့် အယူအဆသည် အီဂျစ်နိုင်ငံတွင် တည်ဆောက်သည့် ခေတ်မီအဆောက်အအုံများ၏ မူကွဲတစ်ခုဖြစ်သည့်အပြင် တည်ဆောက်ရန် အသေးစိတ်ဖော်ပြထားသည့် စီမံချက် တစ်ခုဖြစ်ပြီး ပိရမစ်ကိုထောင့်မှန်စတုဂံပုံစံအဆောက်အအုံခြောက်ခုဖြင့် အဆင့်ဆင့် တည်ဆောက်ထားခြင်းဖြစ်သည်။

ဂျိုဆာပိရမစ်ကို   ခရစ်တော်မပေါ်မီနှစ်ပေါင်း ၂၆၈ဝ ခန့်ကတည်းက  တည်ဆောက်ခဲ့ခြင်းဖြစ်ပြီး  ယင်းအချိန်တွင် ယခုကဲ့သို့နှစ်ပေါင်း ၄၇ဝဝ ကျော်အထိ ရပ်တည်နိုင်သော အဆောက်အအုံတစ်ခုအဖြစ်  မည်သို့မည်ပုံ ဆောက်လုပ်ထားသည်ကိုမသိရကြောင်း၊    ထိုသို့တည်ဆောက်ခြင်းအပေါ် အံ့အားသင့်မိကြောင်း အီဂျစ်ခရီး သွားလာရေးနှင့်  ရှေးဟောင်းသုတေသနဆိုင်ရာဝန်ကြီး ခါလက်အယ်အာနာနီက ပြောသည်။

အီဂျစ်နိုင်ငံ၏သမိုင်းဝင်နှင့် ယဉ်ကျေးမှုလက်ရာများကို ၄င်းတို့၏ ယဉ်ကျေးမှုပုံစံအတိုင်း ထားရှိရန်  အရေးကြီးပုံကို သိရှိကြောင်း၊ နိုင်ငံအတွင်းရှိ ဗိသုကာလက်ရာများအား   အနာဂတ်မျိုးဆက်သစ်များ  လေ့လာနိုင်ရေးအတွက် ဆက်လက်ထိန်းသိမ်းနိုင်မည့် ပြုပြင်မွမ်းမံရေးစနစ်များကို ဆက်လက်ထုတ်လုပ် အသုံးပြုသွားမည်ဟု အင်ဂျင်နီယာတစ်ဦးဖြစ်သူ  ပီတာဂျိမ်းက ပြောသည်။

အဆိုပါ ဂူအားပြုပြင်ရာတွင်  အီဂျစ်ပေါင် ၁ဝ၄ သန်း(ဒေါ်လာ ၆ ဒသမ ၆ သန်း) ကျော် အကုန်အကျခံ၍ လုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်။                   

Ref: DM

Read 58 times Last modified on Wednesday, 11 March 2020 09:22