SJ WorldNews - шаблон joomla Авто

နိုင်ငံ့စီးပွားရေးအပေါ် ကျရောက်လာနိုင်သည့် အန္တရာယ်များကို ဖြေရှင်း နိုင်မည့်စီးပွားရေးလုပ်ငန်း ကောင်စီကို ဖွဲ့စည်းမည်ဟု မလေးရှားဝန်ကြီး ချုပ်ပြော

Thursday, 12 March 2020 08:34 font size decrease font size decrease font size increase font size increase font size

ကွာလာလမ်ပူ၊ စီးပွားရေး

နိုဗယ်ကိုရိုနာဗိုင်းရပ် ကူးစက်မှုကြောင့် ကုန်သွယ်ရေးအပေါ် ထိခိုက်မှုနှင့် ရေနံဈေးနှုန်းများ ကျဆင်းမှုတို့ကြောင့် နိုင်ငံ့စီးပွားရေးအပေါ် ကျရောက်လာ နိုင်သည့် အန္တရာယ်များကို ကိုင်တွယ်ဖြေရှင်းနိုင်မည့် စီးပွားရေး လုပ်ငန်း ကောင်စီတစ်ရပ်ကို ဖွဲ့စည်းမည်ဖြစ်ကြောင်း ဝန်ကြီးချုပ် မူယစ်ဒင်ယက်ဆင် ကမတ် ၁၁ ရက်တွင် ပြောသည်။

မလေးရှားအစိုးရသစ် အဖွဲ့အနေဖြင့် စီးပွားရေးလုပ်ငန်း ကောင်စီကို အစိုးရ အဖွဲ့မှဝန်ကြီးများ၊ ဗဟိုဘဏ်အုပ်ချုပ်ရေးမှူး၊ အခြားကျွမ်းကျင်သူ ပညာရှင် များနှင့်ဖွဲ့စည်းမည် ဖြစ်သည်။ အဆိုပါ ကောင်စီသည် နိုင်ငံ၏ စီးပွားရေး အပေါ်ကျရောက်လာနိုင်သည့် အန္တရာယ်ကြောင့် အစိုးရ၏ အသုံးစရိတ်ကို စိစစ်ချိန်ညှိမှုများ လုပ်ဆောင်ရန် လို၊ မလို ဆုံးဖြတ်ရန်အတွက် နိုင်ငံ့ဘဏ္ဍာ ငွေများကို ပြန်လည်သုံးသပ်မည်ဖြစ်ကြောင်း မူယစ်ဒင်က သတင်းထောက် များကို ပြောသည်။ နိုင်ငံက လက်ရှိကြုံတွေ့နေရသည့် အခြေအနေမှာ ကောင်းမွန်ခြင်း မရှိကြောင်းကို ကောင်စီက သိရှိထားကြောင်း၊ ထို့ကြောင့် အပိုအသုံးစရိတ် လိုအပ်မှု ရှိ၊ မရှိကို ကောင်စီက ပြန်လည် သုံးသပ်သွားပြီး နောက် စီးပွားရေး တိုးတက်လာစေရန် အစိုးရက အသုံးပြုမည်ဟု ပြီးခဲ့သည့် လက ကြေညာခဲ့သော အသုံးစရိတ် ရင်းဂစ်၂ဝ ဘီလီယံ (ဒေါ်လာ ၄ ဒသမ ၇၃ ဘီလီယံ)ကို ထပ်မံတင်သွင်းမည်ဟု က ဆက်ပြောသည်။

မလေးရှားနိုင်ငံတွင် ဗိုင်းရပ်ကူးစက်ခံထားရသူ ၁၂၉ ဦးရှိပြီး ဗိုင်းရပ်ကူးစက် မှုသည် နိုင်ငံ၏ ပို့ကုန်ဈေးကွက်များအတွက် အန္တရာယ်အဖြစ် ရပ်တည်နေ ပြီး ရေနံဈေးနှုန်း ကျဆင်းမှုကြောင့် နိုင်ငံ၏ သဘာဝဓာတ်ငွေ့ရည် တင်ပို့မှုမှ ရရှိသည့် ဝင်ငွေအား ကြီးမားစွာ ထိခိုက်စေလျက်ရှိကြောင်း သိရသည်။

Ref: USnews

Read 76 times Last modified on Thursday, 12 March 2020 08:58