SJ WorldNews - шаблон joomla Авто

နိုဗယ်ကိုရိုနာဗိုင်းရပ် ကူးစက်မှုဖြစ်နေသော်လည်း အိုလံပစ်မီးရှူးတိုင်ကို ဂျပန်ပြည်သူ ထောင်ပေါင်းများစွာ လာကြည့်

Monday, 23 March 2020 09:48 font size decrease font size decrease font size increase font size increase font size

တိုကျို၊ ကျန်းမာရေး

နိုင်ငံအတွင်း နိုဗယ်ကိုရိုနာဗိုင်းရပ် ကူးစက်ပျံ့နှံ့နေသော်လည်း ဂျပန်နိုင်ငံအရှေ့ မြောက်ပိုင်း ၌ပြသထားသော အိုလံပစ်မီးရှူး တိုင်ကို ပြည်သူထောင်ပေါင်းများစွာက လာရောက်ကြည့်ရှု ကြောင်း မတ် ၂၂ ရက် ထုတ်ပြန်ချက်အရ သိရသည်။

ကမ္ဘာတစ်ဝန်း၌ နိုဗယ်ကိုရိုနာဗိုင်းရပ်ကြောင့် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားနေသဖြင့် ၂ဝ၂ဝ ပြည့် နှစ် တိုကျိုအိုလံပစ်အားကစား ပွဲတော်ကို စီစဉ်ထားသည့်အတိုင်း ဆက်လက်ကျင်းပခြင်း ရှိ၊ မရှိနှင့်ပတ်သက်၍ သံသယများမြင့်တက်နေစဉ် မတ် ၂ဝ ရက်တွင် ဂျပန်နိုင်ငံသို့ ရောက်ရှိ လာသည့် အိုလံပစ် မီးရှူးတိုင်ကို လူအနည်းငယ်ဖြင့်သာ ကြိုဆိုသည်။

ထို့နောက် မတ် ၂၁ ရက်တွင် မီယာဂီ မြို့ရှိ ဆန်ဒိုင်းအားကစားရုံ၌ ပြသသော အိုလံပစ် မီးရှူးတိုင်ကို  ပြည်သူ ၅ဝဝဝဝ ကျော်က လာရောက်ကြည့်ရှုခြင်း ဖြစ်သည်။

လူအချို့မှာမူ မီတာ ၅ဝဝ ရှိသော လူတန်းကြီး၌ နာရီပေါင်းများစွာကြာ စောင့်ဆိုင်းနေရပြီး အများစုမှာ နှာခေါင်းစည်း များတပ်ထားကာ ချယ်ရီပန်းပုံစံရှိသော မီးရှူးတိုင်ကို ဓာတ်ပုံရိုက် ကြကြောင်းသိရ သည်။

မျှော်မှန်းထားသည်ထက် လာရောက်သော အဆိုပါ လူစုလူဝေးနှင့် ပတ်သက်၍ ပွဲစီစဉ်သူ များက စိုးရိမ်ပူပန်နေပြီး အကယ်၍ လာရောက်ကြည့်ရှုသူ ပိုမိုများပြားလာ ပါက ယင်းအခမ်း အနားကို ဆိုင်းငံ့နိုင်ဖွယ်ရှိကြောင်း သတိပေးထားသည်ဟု သိရသည်။

Ref: The Straits Times

Read 28 times Last modified on Monday, 23 March 2020 09:50