SJ WorldNews - шаблон joomla Авто

ထရမ့်က ကင်ဂျုံအွန်ထံ ဆက်ဆံရေးတိုးမြှင့်မည့်အစီအမံပါစာတစ်စောင်ပေးပို့

Monday, 23 March 2020 09:50 font size decrease font size decrease font size increase font size increase font size

ဆိုး၊ နိုင်ငံရေး

အမေရိကန်နှင့် မြောက်ကိုရီးယားနိုင်ငံတို့အကြား ဆက်ဆံရေးတိုးမြှင့်မည့် အသေးစိတ်အစီ အမံပါဝင်သော စာတစ်စောင်ကို အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအွန်ထံ ပေးပို့ကြောင်း မြောက်ကိုရီးယားနိုင်ငံ ပိုင်သတင်းဌာနက မတ် ၂၂ ရက်တွင် ဖော်ပြသည်။

မြောက်ကိုရီးယားအစိုးရက မတ် ၂၁ ရက်တွင် အရှေ့ဘက် ကမ်းရိုးတန်းမှနေ၍ ပင်လယ် အတွင်းသို့ တာတိုပစ်ပဲ့ထိန်းဒုံး ကျည်နှစ်စင်းကို ပစ်လွှတ်ပြီးနောက် ထရမ့်က ကင်ဂျုံအွန်ထံ စာပေးပို့ထားကြောင်း ကင်ဂျုံ အွန်၏ညီမ ကင်ယိုဂျောင်က ပြောခြင်းဖြစ်သည်။

ထရမ့်က စာထဲတွင်ရေးသား ဖော်ပြထားသည်မှာ နှစ်နိုင်ငံအကြား ဆက်ဆံရေးကို ယခုထက် တိုးမြှင့်ရန်နှင့် လက်ရှိဖြစ်ပွားနေသော ကမ္ဘာ့ကပ်ရောဂါကို ပူးတွဲတိုက်ဖျက်ရေးအတွက် အကူ အညီပေးမည့် ၏ဆန္ဒ တို့ဖြစ်ကြောင်း ကင်ယိုဂျောင်က နိုင်ငံပိုင် KCNA သတင်းဌာနသို့  ပြောသည်။

ထို့ပြင် နှစ်နိုင်ငံခေါင်းဆောင်များ၏ ဆက်ဆံရေးမှာ ထူးကဲသာလွန်ကြောင်း ထရမ့်က   စာထဲ တွင်ဖော်ပြထားသော်လည်း လက်ရှိနှစ်နိုင်ငံ ဆက်ဆံရေးမှာမူ ထင်သလောက်မဟုတ်ကြောင်း ကင်ယိုဂျောင် ကဆက်ပြောသည်။

သို့သော် နှစ်နိုင်ငံဆက်ဆံရေးသည် တစ်ချိန်ချိန်တွင် နှစ်နိုင်ငံခေါင်းဆောင်များ၏ ဆက်ဆံရေး ကဲ့သို့ ထူးကဲကောင်းမွန် လာမည်ဟု မျှော်လင့်ရသော်လည်း အချိန်အတိုင်းအတာတစ်ခုအထိ စောင့်ရဦးမည် ဟု ကဆိုသည်။

အိမ်ဖြူတော်ကမူ အဆိုပါစာနှင့် ပတ်သက်၍ သတင်းဌာနများ၏ မေးမြန်းမှုများကို မည်သို့မျှ တုံ့ပြန်ဖြေဆိုထားခြင်းမရှိကြောင်း သိရသည်။

Ref: The Straits Times

Read 28 times Last modified on Monday, 23 March 2020 09:52