SJ WorldNews - шаблон joomla Авто

အီရန်၌ နိုဗယ်ကိုရိုနာ ဗိုင်းရပ်ကြောင့် သေဆုံးသူ ၁၆၅ ဦးအထိမြင့်တက်

Monday, 23 March 2020 10:22 font size decrease font size decrease font size increase font size increase font size

တီဟီရန်၊ ကျန်းမာရေး

အီရန်နိုင်ငံ၌ နိုဗယ်ကိုရိုနာ ဗိုင်းရပ်ကူးစက်မှုကြောင့် တစ်နေ့တည်း လူ ၁၂၅ ဦး သေဆုံးသည့် အတွက် သေဆုံးသူဦးရေသည် ၁၆၈၅ ဦးအထိ မြင့်တက်လာကြောင်း ကျန်းမာရေး ဝန်ကြီးဌာနမှ ပြောရေးဆိုခွင့် ရှိသူတစ်ဦးက နိုင်ငံပိုင် ရုပ်မြင်သံကြားသတင်း ဌာနသို့ မတ် ၂၂ ရက်တွင် ပြောသည်။

ထို့ပြင် ၂၄ နာရီအတွင်း ဗိုင်းရပ်ကူးစက်ခံရသူ ၁ဝ၂၈ ဦးရှိသည့်အပြင် ယခုအခါဗိုင်းရပ် ကူးစက်ခံရသူ စုစုပေါင်း ၂၁၆၃၈ ဦးအထိ ရောက်ရှိလာပြီဖြစ်ကြောင်းနှင့် ဗိုင်းရပ်ကူးစက်ခံရသူ ၇၉၁၃ ဦးမှာ ကျန်းမာရေး ပြန်ကောင်းလာပြီဖြစ်ကြောင်း ပြောရေးဆိုခွင့်ရှိသူ ကာနက်ဂျာ ဟန်ပူရာက ပြောသည်။

အီရန်နိုင်ငံသည် နိုဗယ်ကိုရိုနာ ဗိုင်းရပ်ကူးစက်မှုကို အဆိုးဆုံး ခံစားရသည့် အရှေ့အလယ်ပိုင်း နိုင်ငံတစ်နိုင်ငံဖြစ်သည်။ အမေရိကန်သည် ဗိုင်းရပ်တိုက်ဖျက်ရေးအတွက် အကူအညီများ ပေးနိုင်သည်ဟု အီရန်ကို ကမ်းလှမ်းသော်လည်း အီရန်ဦးသျှောင် အယာတိုလာအလီခါမေက ငြင်းဆိုခဲ့သည်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်သည် ကမ္ဘာ့အင်အားကြီး ခြောက်နိုင်ငံပါဝင်သည့် ၂ဝ၁၅ ခုနှစ် အီရန်နျုကလီးယား သဘောတူစာချုပ်မှ ၂ဝ၁၈ ခုနှစ်တွင် နုတ်ထွက်ပြီး အီရန် စီးပွားရေး ထိခိုက်စေရန်အတွက် အရေးယူပိတ်ဆို့မှုများ ချမှတ်ပြီးနောက် နှစ်နိုင်ငံ ကြားတင်းမာမှုများ အရှိန်အဟုန်မြင့်တက်လာကြောင်း သိရသည်။

Ref: The Straits Times

Read 29 times Last modified on Monday, 23 March 2020 10:27