SJ WorldNews - шаблон joomla Авто

ရုရှားက အီတလီသို့ စစ်လေယာဉ်များဖြင့် ဆေးဘက်အကူအညီများပေးပို့

Tuesday, 24 March 2020 10:31 font size decrease font size decrease font size increase font size increase font size

ရောမ၊ အကူအညီပေးရေး

နိုဗယ်ကိုရိုနာဗိုင်းရပ် ကူးစက်မှုကြောင့် လူသေဆုံးမှုများပြားနေသည့် အီတလီနိုင်ငံသို့ ရုရှားက တို့၏ I1-76 စစ်လေယာဉ် ကိုးစင်းဖြင့် ဆေးဘက်ဆိုင်ရာ အကူအညီများကို အောင်မြင်စွာ ပေးပို့လိုက်နိုင်ကြောင်း မတ် ၂၃ ရက် ထုတ်ပြန်ချက်အရ သိရသည်။

ရုရှားစစ်လေယာဉ်များသည် ရောမမြို့အနီး ပရာတီကာ ဒီမာရီလေတပ် အခြေစိုက်စခန်း၌ ဆင်းသက်ကာ ရုရှားအမှုထမ်းများက ထောက်ပံ့ပစ္စည်းများကို သယ်ယူပို့ဆောင်ပေးသည်။ တို့ပေးအပ်သည့် အဆိုပါ ဆေးဘက်ဆိုင်ရာ အကူအညီများသည် အီတလီနိုင်ငံရှိ အများ ပြည်သူသွားလာရာ နေရာများ၊ သယ်ယူပို့ဆောင်ရေးနှင့် လမ်းမများ၌ ငုပ်လျှိုးနေသည့် ဗိုင်းရပ် ကို ရှင်းလင်းရာတွင် အကူအညီဖြစ် စေမည်ဖြစ်ကြောင်း ရုရှားတာဝန်ရှိသူများက ပြောသည်။

ရုရှားအစိုးရက ပေးပို့သည့် ထောက်ပံ့မှုများတွင် အီတလီနိုင်ငံ၏ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံ လူနာများကို ကုသရာတွင် လိုအပ်သည့် ဆေးဝါးပစ္စည်းများနှင့် ဆရာဝန်များအတွက် ကာ ကွယ်ရေးဝတ်စုံများလည်းပါဝင်သည်။ ထို့ပြင် ကျွမ်းကျင်ပါရဂူများ၊ ဆရာဝန်များနှင့် ဆေးဘက် အကူ ၁ဝဝ ခန့်ကိုလည်း စေလွှတ်ထားကြောင်း ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။

Ref: Sputnik

Read 21 times Last modified on Tuesday, 24 March 2020 10:32