SJ WorldNews - шаблон joomla Авто

စပိန်အငြိမ်းစားအိမ်ရာများ၌ စွန့်ပစ်ခံသက်ကြီးရွယ်အိုများနှင့် သေဆုံးနေသူများကိုတွေ့ရှိ

Wednesday, 25 March 2020 09:54 font size decrease font size decrease font size increase font size increase font size

မက်ဒရစ်၊ ကျန်းမာရေး

စပိန်နိုင်ငံအတွင်း နိုဗယ်ကိုရိုနာဗိုင်းရပ် ကူးစက်ပျံ့နှံ့မှုကိုထိန်းချုပ်နိုင်ရေး အကူအညီပေးရန် တပ်ဖြန့်ထားသည့် စစ်ဘက်တပ်ဖွဲ့ဝင်များသည် အငြိမ်းစား အိမ်ရာများ၌ စွန့်ပစ်ခံသက်ကြီး ရွယ်အိုများနှင့် သေဆုံးနေသူများကိုတွေ့ရှိကြောင်း သိရသည်။

မတ် ၂၃ ရက် တစ်ရက်တည်းမှာပင် ဗိုင်းရပ်ကြောင့် သေဆုံးသူ ၄၆၂ ဦးရှိလာသည့်အတွက်   မက်ဒရစ်ကုန်ပဒေသာ တိုက်အတွင်းရှိ ရေခဲပြင်စကိတ်ကွင်းကို ယာယီရင်ခွဲရုံအဖြစ် ပြောင်း လိုက်ရစဉ် အဆိုပါ စွန့်ပစ်ခံသက်ကြီးရွယ်အိုများနှင့် သေဆုံးနေသူများကိုတွေ့ရှိမှု ထွက်ပေါ် လာခြင်းဖြစ်သည်။

နိုဗယ်ကိုရိုနာဗိုင်းရပ်ကြောင့် ကမ္ဘာ့ကပ်ရောဂါအဖြစ် ပြောင်းလဲသွားသည့် ကိုဗစ်-၁၉ ရောဂါကို   အပြင်းထန်ဆုံး ခံစားရသည့် တစ်နိုင်ငံဖြစ်သော စပိန်နိုင်ငံရှိ အငြိမ်းစားအိမ်ရာများကို ပိုးသတ် ဆေးဖျန်းရန် စစ်ဘက်တပ်ဖွဲ့ဝင်များကို တာဝန်ပေးထားခြင်း ဖြစ်သည်။

ထို့ပြင်တစ်နိုင်ငံလုံးရှိ အလားတူအိမ်ရာများမှ စွန့်ပစ်ခံရပြီး သေဆုံးနေသည့် သက်ကြီးရွယ်အို အမြောက်အမြားကိုလည်း တွေ့ရှိရကြောင်း သိရသည်။ အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ စုံစမ်း စစ်ဆေး သွားမည်ဖြစ်ကြောင်း ရှေ့နေချုပ်ရုံးက ထုတ်ပြန်ကြေညာထားသည်။

စပိန်နိုင်ငံ၌ မတ် ၂၄ ရက်အထိထုတ်ပြန်ချက်အရ ကိုဗစ်-၁၉ ရောဂါဖြင့် သေဆုံးသူစုစုပေါင်း  ၂၆၉၆  ဦးရှိကြောင်း သိရသည်။

Ref: New York Times

Read 17 times Last modified on Wednesday, 25 March 2020 09:56