SJ WorldNews - шаблон joomla Авто

အင်ဒိုနီးရှား၌ တစ်ရက်တည်းတွင် နိုဗယ်ကိုရိုနာဗိုင်းရပ်ကူးစက်ခံရသူ ၁ဝ၇ ဦးအထိရှိ

Wednesday, 25 March 2020 09:56 font size decrease font size decrease font size increase font size increase font size

ဂျကာတာ၊ ကျန်းမာရေး

အင်ဒိုနီးရှားနိုင်ငံ၌ မတ် ၂၄ ရက် တစ်ရက်တည်းတွင် နိုဗယ်ကိုရိုနာ ဗိုင်းရပ်ကူးစက်ခံရသူ ၁ဝ၇ ဦးရှိကြောင်းနှင့် ထိုပမာဏသည် နေ့စဉ်ကူးစက်မှု အများဆုံး ပမာဏဖြစ်ကြောင်း တာဝန်ရှိသူများက ထုတ်ပြန်သည်။

ထို့ကြောင့် ဗိုင်းရပ်ကူးစက်ခံရသူ စုစုပေါင်းမှာ ၆၈၆ ဦးအထိရှိလာပြီး သေဆုံးသူဦးရေမှာ မတ် ၂၄ ရက်တွင် ခုနစ်ဦး ထပ်တိုးသောကြောင့် စုစုပေါင်း ၅၅ ဦးအထိ ဖြစ်လာသည်။

အဆိုပါ သေဆုံးမှု ပမာဏသည် အရှေ့တောင်အာရှဒေသ၌ နိုဗယ်ကိုရိုနာဗိုင်းရပ်ကြောင့်    သေဆုံးမှု အများဆုံး ပမာဏဖြစ်သည်။ မတ် ၂၃ ရက်အထိ နေပြန်ကောင်းသူမှာ အယောက် ၃ဝ သာရှိသည်။

အစိုးရအနေဖြင့် ဗိုင်းရပ်ကူးစက်ခံရသည့် လူနာများနှင့် ထိတွေ့ဖူးသူများအပြင် ဆေးရုံများ၌ လူနာများကို ကုသပေးရသည့် ကျန်းမာရေးဝန်ထမ်းများကို အမြန်ဆုံး စမ်းသပ်ပေးနေပြီဖြစ် ကြောင်း ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးအဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူ တစ်ဦးက ပြောသည်။

အင်ဒိုနီးရှားနိုင်ငံသည် တရုတ်နိုင်ငံမှ ရောဂါစမ်းသပ်ကိရိယာ တစ်သိန်းခွဲကို လက်ခံရရှိထားပြီး   လူတစ်သန်းခန့်ကို စမ်းသပ်ပေးနိုင်ရန် နောက်ထပ်စမ်းသပ် ကိရိယာများကို ဝယ်ယူသွားမည် ဖြစ်သည်။

အင်ဒိုနီးရှားနိုင်ငံ၌ လူဦးရေသန်း ၂၇ဝ ရှိသည့်အနက် လူခြောက်သိန်းမှ ခုနစ်သိန်းကြားမှာ    ဗိုင်းရပ်ကူးစက် ခံရနိုင်ခြေရှိကြောင်း သိရသည်။

Ref: The Straits Times

Read 16 times Last modified on Wednesday, 25 March 2020 09:57