SJ WorldNews - шаблон joomla Авто

အီတလီ၌ နိုဗယ်ကိုရိုနာဗိုင်းရပ် ကူးစက်မှုအရေအတွက် တရားဝင်ထုတ်ပြန်မှုထက် ၁ဝ ဆ ကျော်ရှိနိုင်

Wednesday, 25 March 2020 09:57 font size decrease font size decrease font size increase font size increase font size

ရောမ၊ ကျန်းမာရေး

အီတလီနိုင်ငံ၌ နိုဗယ်ကိုရိုနာဗိုင်းရပ် ကူးစက်မှုအရေအတွက်သည်  အစိုးရ၏ တရားဝင်ထုတ် ပြန်ထားသည့် ၆၄ဝဝဝ နီးပါးထက် ၁ဝ ဆကျော်ရှိနိုင်ကြောင်း အချက်အလက်ကောက် ယူသည့် ပြည်သူ့ကာကွယ်ရေးဌာနမှူးက မတ်  ၂၄ ရက်တွင် ပြောသည်။

လက်ရှိအီတလီနိုင်ငံ၌ အဆိုပါဗိုင်းရပ်ကြောင့် တစ်လမပြည့်မီမှာပင် သေဆုံးသူ ၆ဝ၇၇ ဦး ရှိပြီး ဗိုင်းရပ်ကူးစက်ပျံ့နှံ့မှု စတင်ဖြစ်ပွားရာ တရုတ်နိုင်ငံ၌ သေဆုံးမှုထက် နှစ်ဆနီးပါးဖြစ်သည်။ ထို့ကြောင့် အီတလီနိုင်ငံသည် ကမ္ဘာပေါ်တွင် ဗိုင်းရပ်ကူးစက်မှုကို အဆိုးဝါးဆုံး ခံစားရသည့် နိုင်ငံဖြစ်လာသည်။ သို့သော် ဆေးရုံတက်နေရသူများကို ဗိုင်းရပ်စစ်ဆေးမှု လုပ်ခွင့်မရနိုင်သည့် အတွက် ကူးစက်မှုထောင်ပေါင်းများစွာကို မစမ်းသပ်နိုင်သေးသည့် အခြေအနေဖြစ်ကြောင်း နှင့် နိုင်ငံအတွင်း၌ ဗိုင်းရပ်ကူးစက်ခံရသည့် အရေအတွက်အမှန်မှာ ၆၄ဝဝဝဝ အထိရှိနိုင် ကြောင်း ပြည်သူ့ ကာကွယ်ရေးဌာနမှူး  အိန်ဂျလိုဘော်ရယ်လီက ပြောသည်။

အီတလီနိုင်ငံအနေဖြင့် အကြီးမားဆုံး ရင်ဆိုင်နေရသည့် အခက်အခဲမှာ နှာခေါင်းစည်းများနှင့်   အသက်ရှူကိရိယာများ ပြတ်လပ်ခြင်းဖြစ်ကြောင်း၊ ထိုပစ္စည်းများကို ပြည်ပမှတင်သွင်းနိုင်ရန် ကြိုးပမ်းနေသော်လည်း နိုင်ငံအချို့က ယင်းပစ္စည်းများကို ရောင်းချမှု ရပ်တန့်ထားသည့် အတွက် ပြည်ပမှ နောက်ထပ်နှာခေါင်းစည်းများ မရောက်လာတော့မည်ကို အလွန်စိုးရိမ်နေရ ကြောင်း အိန်ဂျလိုဘော်ရယ်လီက ပြောသည်ဟုသိရသည်။                     

Ref: CNA

Read 19 times Last modified on Wednesday, 25 March 2020 09:58