SJ WorldNews - шаблон joomla Авто

ထိုင်းဝန်ကြီးချုပ်က ကမ္ဘာ့ကပ်ရောဂါအတွက် အရေးပေါ်အခြေအနေထုတ်ပြန်

Thursday, 26 March 2020 10:31 font size decrease font size decrease font size increase font size increase font size

ဘန်ကောက်၊ ကျန်းမာရေး

ထိုင်းဝန်ကြီးချုပ် ပရာယုချန်အိုချာသည် ကမ္ဘာ့ကပ်ရောဂါဖြစ်သည့် ကိုဗစ်-၁၉ ရောဂါအတွက် မတ် ၂၅ ရက်တွင် နိုင်ငံအတွင်း အရေးပေါ်အခြေအနေ ထုတ်ပြန် လိုက်သည်။

ပြီးခဲ့သည့် ၂၄ နာရီအတွင်း နိုင်ငံ၌ ဗိုင်းရပ်ကူးစက်ခံရသူ ၁ဝ၇ ဦးရှိကြောင်း ပြည်သူ့ကျန်း မာရေးဝန်ကြီးဌာနက အတည်ပြုထုတ်ပြန်ပြီးနောက် ဝန်ကြီးချုပ်ကအရေးပေါ် အခြေအနေ ပြဋ္ဌာန်းလိုက်ခြင်းဖြစ်သည်။

အဆိုပါ ပြဋ္ဌာန်းချက်သည် မတ် ၂၅ ရက် သန်းခေါင်ယံမှစ၍ အသက်ဝင်မည်ဖြစ်ပြီး ဧပြီ ၃၁ ရက်အထိ ကြာမြင့်မည်ဖြစ်သည်။

ထိုပြဋ္ဌာန်းချက်တွင် ကုန်စည်ပို့ဆောင်ရေး၊ သံတမန်ရေးနှင့် အလုပ်လုပ်ခွင့်ရသည့် နိုင်ငံခြား သားများမှလွဲ၍ နိုင်ငံအတွင်းသို့ မည်သူ့ကိုမျှ ဝင်ခွင့်မပြုကြောင်း ဖော်ပြထားသည်။ သို့သော်  သံရုံး၏ ခွင့်ပြုချက်နှင့်ကျန်းမာရေး ထောက်ခံချက်ရသည့် ထိုင်းနိုင်ငံသားများနှင့် ဝန်ကြီးချုပ် အတည်ပြုသော ခရီးစဉ်တို့မှာ ပြဋ္ဌာန်းချက်မှ ကင်းလွတ်ခွင့်ရမည်ဖြစ်သည်။

ဗိုင်းရပ်ကူးစက်မှု အန္တရာယ်အမြင့်ဆုံး ဖြစ်ပေါ်စေနိုင်သည်ဟု ယူဆရသည့် ဘန်ကောက်၊ နွန်သာဘူရီ၊ ပသွန်သာနီ၊ နန့်ခုံပသွန်၊ ဆမွတ်ပရာကန်နှင့် ဆမွတ်စခုံမြို့တို့ရှိ  နိုက်ကလပ်များ၊ ကလေးကစား ကွင်းများနှင့် အားကစားကွင်းအားလုံးကို အကန့်အသတ်မရှိ ပိတ်ထားရန်  အစိုးရက အမိန့်ချမှတ်ထားသည်။

ထို့ပြင် အစားအစာ၊ သောက်ရေနှင့် ဆေးပစ္စည်းများကို သိုလှောင်ထားသူများကိုလည်း  အစိုးရက အရေးယူသွားမည် ဖြစ်သည်။

အသက်ငါးနှစ် အောက်ကလေးများနှင့် အသက် ၇ဝ အထက် သက်ကြီးရွယ်အိုများအနေဖြင့်  နေအိမ်ပြင်ပ၌ မဖြစ်မနေလုပ်ရမည့် အခြေအနေများမှလွဲ၍ နေအိမ်အတွင်း၌သာ နေထိုင်ရန် အဆိုပါပြဋ္ဌာန်းချက်တွင် ဖော်ပြထားကြောင်း သိရသည်။

Ref: The Straits Times

Read 11 times Last modified on Thursday, 26 March 2020 10:33