SJ WorldNews - шаблон joomla Авто

တရုတ်နိုင်ငံမြောက်ပိုင်း၌ ဟန်တာဗိုင်းရပ်ကြောင့် အမျိုးသားတစ်ဦး လဲကျသေဆုံး

Thursday, 26 March 2020 10:33 font size decrease font size decrease font size increase font size increase font size

ပေကျင်း၊ ကျန်းမာရေး

တရုတ်နိုင်ငံမြောက်ပိုင်း ရှန်တုံပြည်နယ်၌ ဘတ်စကားစီး၍ အလုပ်သွားသည့် ယူနန်ပြည်နယ်မှ   အမျိုးသားတစ်ဦးသည် ဘတ်စကားအတွင်း လဲကျသေဆုံးမှု ဖြစ်ပွားကြောင်း နိုင်ငံပိုင်သတင်း ဌာနက မတ် ၂၄ရက်တွင် ဖော်ပြထားသည်။

အဆိုပါ အမျိုးသားကို ဆေးစစ်ချက်အရ သည်ဟန်တာဗိုင်းရပ် ကူးစက်ခံထားရသည်ကို တွေ့ရှိကြောင်း Global Times သတင်းစာက တွစ်တာတွင် ရေးသားဖော်ပြ ထားသည်။

ထိုအမျိုးသားနှင့်အတူ ဘတ်စကားစီးလာသည့် ခရီးသည် ၃၂ ဦးကိုလည်း ဆေးစစ်မှုများ လုပ်ဆောင်ရာ မည်သူမျှ ဟန်တာဗိုင်းရပ် ကူးစက်ခံထားရခြင်းမရှိကြောင်း Xinhua သတင်း ဌာနက ထုတ်ပြန်သည်။

ဟန်တာဗိုင်းရပ်သည် ကြွက်များတွင်သာ တွေ့ရလေ့ရှိသည့်ဗိုင်းရပ်ဖြစ်ပြီး လူသို့ကူးစက်မှုမှာ အလွန်ရှားပါးကြောင်း၊ သို့သော် ကူးစက်ခံရပါကလည်း သေဆုံးမှုနှုန်းမှာ ၃၂ ရာခိုင်နှုန်း ရှိကြောင်း အမေရိကန်ရောဂါ ကာကွယ်ရေးနှင့် ထိန်းချုပ်ရေးဌာနက ပြောသည်။

ကွက်များ၏ ခန္ဓာကိုယ်မှထွက်သည့် အရည်ကို လူကမျိုချမိမှသာ ဟန်တာဗိုင်းရပ် ကူးစက် ခြင်းဖြစ်ပြီး ကြွက်များကိုသာမစားသုံးပါက လူအချင်းချင်း ကူးစက်မှုမှာ အလွန်ရှားပါးသော ကြောင့် စိုးရိမ်ကြောက်လန့်စရာမလိုကြောင်း ဆွီဒင်သိပ္ပံပညာရှင် ဒေါက်တာဆူမေယာရှိတ်က ပြောသည်။

ဟန်တာဗိုင်းရပ် ကူးစက်ခံရမှုအတွက် ရောဂါလက္ခဏာများမှာ ဖျားခြင်း၊ သွေးထွက်ခြင်းနှင့်  ကျောက်ကပ် ပျက်စီးခြင်းဖြစ်ပြီး ပုံမှန်အားဖြင့် သီတင်းပတ်နှစ်ပတ်အတွင်း လက္ခဏာပြသော် လည်း အမြန်ဆုံးလေးရက်မှ အကြာဆုံးနှစ်လအတွင်း ရောဂါလက္ခဏာပြကြောင်းနှင့် အစော ပိုင်းရောဂါ လက္ခဏာများတွင် မောပန်းခြင်း၊ အန်ခြင်းနှင့် အနီစက်များ ထွက်ခြင်းတို့ဖြစ် ကြောင်း သိရသည်။

Ref: The Sun, New York Post

Read 26 times Last modified on Thursday, 26 March 2020 10:34