SJ WorldNews - шаблон joomla Авто

ဗြိတိန်တော်ဝင်မင်းသားချား(စ်) နိုဗယ်ကိုရိုနာ ဗိုင်းရပ်ကူးစက်ခံထားရ

Thursday, 26 March 2020 10:34 font size decrease font size decrease font size increase font size increase font size

လန်ဒန်၊ ကျန်းမာရေး

ဗြိတိန်ဘုရင်မကြီး အဲလိဇဘတ်၏ အကြီးဆုံးသားဖြစ်ပြီး အရိုက်အရာ ဆက်ခံရမည့် ချား(စ်) မင်းသားသည် နိုဗယ်ကိုရိုနာဗိုင်းရပ် ကူးစက်ခံရကြောင်း၊ သို့သော် ကျန်းမာရေးကောင်းမွန် နေဆဲဖြစ်ကြောင်း ၏ရုံးက မတ် ၂၅ ရက်တွင် ထုတ်ပြန်သည်။

အသက် ၇၁ နှစ်ရှိ ချား(စ်)မင်းသား၌ နိုဗယ်ကိုရိုနာ ဗိုင်းရပ်တွေ့ရှိသော်လည်း ၏ကြင်ရာ တော်ကာမီလာ၌ အလားတူ တွေ့ရှိမှုမရှိကြောင်းနှင့် တို့နှစ်ဦးစလုံး နေအိမ်၌သီးခြားခွဲ နေကြောင်း တော်ဝင်အိမ်တော်၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

မင်းသားချား(စ်)တွင် ဗိုင်းရပ်တွေ့သော်လည်း သည် ကျန်းမာလျက်ရှိကာ ပြီးခဲ့သည့် ရက်များအတွင်း နေအိမ်မှနေ၍ အလုပ်များကို ပုံမှန်အတိုင်းလုပ်နေကြောင်း သိရသည်။

မင်းသားချား(စ်)သည် ပြီးခဲ့သည့် သီတင်းပတ်များအတွင်း လူအများအပြားနှင့် တွေ့ဆုံမှုများ စွာရှိသည့်အတွက် မည်သူ့ထံမှနေ၍ ဗိုင်းရပ်ကူးစက်ခံရသည်ကို အတည်မပြုနိုင်ကြောင်း အိမ်တော်၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ဗြိတိန်နိုင်ငံ၌ နိုဗယ်ကိုရိုနာဗိုင်းရပ် ကူးစက်ခံရသူ ၈၂၂၇ ဦးရှိပြီး သေဆုံးသူ ၄၃၃ ဦးရှိကြောင်း သိရသည်။

Ref: The Straits Times

Read 20 times Last modified on Thursday, 26 March 2020 10:35