SJ WorldNews - шаблон joomla Авто

အမှုထမ်းများတွင် နိုဗယ်ကိုရိုနာ ဗိုင်းရပ်တွေ့ရှိမှုကြောင့် မလေးရှား ဘုရင်နှင့်မိဖုရား သီးခြားခွဲနေရ

Friday, 27 March 2020 15:01 font size decrease font size decrease font size increase font size increase font size

ကွာလာလမ်ပူ၊ ကျန်းမာရေး

မလေးရှားဘုရင့်နန်းတော်မှ အမှုထမ်း ခုနစ်ဦးတွင်  နိုဗယ်ကိုရိုနာဗိုင်းရပ်တွေ့ရှိ ပြီးနောက် မလေးရှားဘုရင်နှင့် မိဖုရားသည်  ရောဂါခြေချုပ် အနေဖြင့် သီးခြား ခွဲနေထိုင် နေရကြောင်း နိုင်ငံပိုင်သတင်း ဌာနဖြစ်သည့်  Bernama က မတ် ၂၆ ရက်တွင် ထုတ်ပြန်သည်။

ဘုရင်နှင့်မိဖုရား တို့ကို ရောဂါစစ်ဆေး မှုပြုလုပ်ရာ နိုဗယ်ကိုရိုနာဗိုင်းရပ်ကူးစက်ခံ ရသည့် လကဏာ မတွေ့ရှိကြောင်း အိမ်တော်ထိန်း အာမက်ဖတ်လီ ရှမ်ဆူဒင်က ပြော သည်။

ဘုရင်နှင့်မိဖုရားတို့သည် ဗိုင်းရပ်ကူး စက်ခံထားရခြင်းမရှိသော်လည်း မတ် ၂၅ ရက်မှစ၍ ၁၄ ရက်ကြာ သီးခြားခွဲ နေထိုင် ပြီး  စောင့်ကြည့်မှုများလုပ်ဆောင်နေပြီ  ဖစ်ကြောင်း အာမက်ဖတ်လီက   ပြောသည်။

ရောဂါလကဏာတွေ့ရှိသည့် အမှုထမ်းခုနစ်ဦးသည်   ကောင်းမွန်သောအခြေ အနေတွင်ရှိကြောင်း   ၎င်းက ဆက် ပြောသည်။

ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် အမှုထမ်းများ မည်ကဲ့သို့ဗိုင်းရပ်ကူးစက်ခံရသည် နှင့်ပတ်သက်၍ စုံစမ်းစစ်ဆေးမှုများလုပ် ဆောင်နေကြောင်း ကျန်းမာရေးဝန်ကြီးဌာန မှ ညွှန်ကြားရေးမှူးချုပ်၏ပြောဆိုချက်ကို  ကိုးကား၍ Malaysiakini သတင်းဌာနက ထုတ်ပြန်ထားသည်။

Read 15 times Last modified on Friday, 27 March 2020 15:02