SJ WorldNews - шаблон joomla Авто

နိုင်ငံတော်အကြည်ညိုပျက်စေမှုဖြင့်ဟောင်ကောင်နိုင်ငံရေးသမားတစ်ဦးအဖမ်းခံရ

Friday, 27 March 2020 15:03 font size decrease font size decrease font size increase font size increase font size

ဟောင်ကောင်၊ နိုင်ငံရေး

ဟောင်ကောင်အတိုက်အခံနိုင်ငံရေးသမား တစ်ဦးသည် နိုင်ငံတော်အကြည်ညိုပျက် စေမှုဖြင့် မတ် ၂၆ ရက်တွင် အဖမ်းခံလိုက် ရကြောင်းသိရသည်။ အသက် ၆၀ ရှိပြီဖြစ်သည့်  ချန်းလိုင် ကင်း၏အပြုအမူသည် နိုင်ငံတော်အကြည်

ညိုပျက်စေရန် ရည်ရွယ်ချက်ရှိရှိလုပ်ဆောင် သည်ဟု သံသယရှိသဖြင့် အဖမ်းခံရခြင်းဖြစ် ကြောင်း ရဲတပ်ဖွဲ့ကပြောသည်။

တစ်စုံတစ်ဦးသည် ဆူပူအုံကြွမှုဖြစ်စေ ရန်တိုက်တွန်းပြီး အမုန်းတရားပွားများစေ ရန်အားပေးသည့်ပြောဆိုမှုများကို အွန်လိုင်း တွင်ရေးထားကြောင်း၊   အဆိုပါရေးသား ပြောဆိုမှုကို ချန်းလိုင်ကင်းက ပြန်လည် မျှဝေထားကြောင်း ရဲတပ်ဖွဲ့မှ ပြောရေး ဆိုခွင့်ရှိသူ   ဆွာလစ်မိုဟမ်မတ်ကပြော သည်။

အွန်လိုင်းတွင်  ကနဦးတင်ထားသည့် အကြောင်းအရာမှာ ပြီးခဲ့သည့်နှစ်တွင်ဖြစ် ပွားသည့်ဆန်္ဒပြမှုများအတွင်း ရဲတပ်ဖွဲ့ဝင် တစ်ဦး၏   ပလတ်စတစ်ကျည်ဆန်ဖြင့် ပစ်ခတ်မှုကြောင့် သတင်းထောက်တစ်ဦး မျက်စိကွယ်သွား ရသည့် အကြောင်းဖြစ်ပြီး  ထိုရဲတပ်ဖွဲ့ဝင်နှင့် မိသားစုတို့၏ကိုယ်ရေး အချက်အလက်များကို   တရားမ၀င်ထုတ် ဖော်ပြော ထားကြောင်း သိရသည်။

ထိုအကြောင်းအရာကို ချန်းလိုင်ကင်းက ပြန်လည် မျှဝေရာတွင် ရဲတပ်ဖွဲ့ဝင်အနေဖြင့် အသိတရားရှိမည်ဆိုပါက မျက်လုံး တစ်လုံးအတွက် မျက်လုံးတစ်လုံးကို အစားလျော် ပေးရမည်ဟု ထပ်ဆင့် ရေးသားပြီး မျှဝေထား ခြင်းဖြစ်သည်။

ပြီးခဲ့သည့်နှစ်တွင် ဟောင်ကောင်၌  အစိုးရဆန့်ကျင်ဆန်္ဒပြမှုများ ခုနစ်လဆက် တိုက်ဖြစ်ပွားပြီး ရဲတပ်ဖွဲ့ဝင်များ အနေဖြင့် ဆူပူဆန်္ဒပြ မှုများကိုဖြိုခွင်းရန် မျက်ရည်ယို ဗုံးများနှင့်ပလတ်စတစ်ကျည်ဆန်များအပါ အ၀င် အဓိကရုဏ်းဖြိုခွင်းရေးလက်နက် များကို အသုံးပြုခဲ့ရကြောင်း သိရသည်။

 

Read 18 times Last modified on Friday, 27 March 2020 15:04