SJ WorldNews - шаблон joomla Авто

အိန်္ဒိယက ရူပီး ၁ ဒသမ ၇ ထရီလီယံဖြင့် ပြည်သူများကိုထောက်ပံ့မည် အိန်္ဒိယအစိုးရသည် ရူပီး ၁ ဒသမ ၇ ထရီလီယံဖြင့် ပြည်သူများကိုထောက်ပံ့ပေး

Friday, 27 March 2020 15:04 font size decrease font size decrease font size increase font size increase font size

နယူးဒေလီ၊ ပြည်တွင်းရေး

မည်ဖြစ်ကြောင်း ဘဏ္ဍာရေးဝန်ကြီးဌာနက  မတ် ၂၆ ရက်တွင် ထုတ်ပြန်ကြေညာသည်။ အဆိုပါအစီအစဉ်တွင် ငွေသားတိုက် ရိုက်လွှဲပြောင်းပေးခြင်းနှင့် စားနပ်ရိက်္ခာ ဖူလုံရေးဆောင်ရွက်ချက်များပါဝင်မည်ဖြစ် ကြောင်း သိရသည်။

အထူးသဖြင့်   တစ်နိုင်ငံလုံးကို အ၀င် အထွက်ပိတ်ထားသည့်အတွက်   ထိခိုက် နစ်နာရသောဆင်းရဲသားများနှင့်  အလုပ်  သမားသန်းပေါင်းများစွာ၏သက်သာချောင်ချိ ရေးအတွက်သာမက အရေးပေါ်အကူအညီ လိုသူများကို ကူညီထောက်ပံ့ပေးသွားမည် ဖြစ်ကြောင်း ဘဏ္ဍာရေးဝန်ကြီး နီယာမာလာ ဆီသာရာမန်က  သတင်းစာရှင်းလင်းပွဲ၌

ပြောသည်။

နိုင်ငံအတွင်းရှိ လူဦးရေ  ၁ ဒသမ ၃ ဘီလီယံကို    ကူးစက်မြန်ပြင်းထန်နိုဗယ် ကိုရိုနာဗိုင်းရပ်ကူးစက်မှုမှ ကာကွယ်နိုင် ရန် တစ်နိုင်ငံလုံးကို ၂၁ ရက်ကြာ အ၀င်အထွက် ပိတ်ကြောင်း ၀န်ကြီးချုပ် နာရန်ဒရာမိုဒီက ကြေညာပြီးနောက်   နှစ်ရက်အကြာတွင် ယခုလုပ်ဆောင်ချက်ထွက်ပေါ်လာခြင်းဖြစ်သည်။

အိန်္ဒိယနိုင်ငံ၌   နိုဗယ်ကိုရိုနာဗိုင်းရပ် ကူးစက်ခံရသူ ၇၁၆ ဦးရှိပြီး သေဆုံးသူ ၁၄ ဦးနှင့် နေပြန်ကောင်းလာသူ ၄၅ ဦး ရှိကြောင်းသိရသည်။

Read 17 times Last modified on Friday, 27 March 2020 15:05