SJ WorldNews - шаблон joomla Авто

မလေးရှား၌ တစ်ရက်တည်းတွင် နိုဗယ်ကိုရိုနာဗိုင်းရပ် ကူးစက်ခံရသူ ၂၃၅ ဦးဖြင့်စံချိန်တင်

Friday, 27 March 2020 15:10 font size decrease font size decrease font size increase font size increase font size

ကွာလာလမ်ပူ၊ ကျန်းမာရေး

မလေးရှားနိုင်ငံ၌ မတ် ၂၆ ရက်တစ်ရက်တည်းတွင် နိုဗယ်ကိုရိုနာဗိုင်းရပ်ကူးစက် ခံရသူ ၂၃၅ ဦးရှိသည့်အတွက် နေ့စဉ်ဗိုင်းရပ်ကူးစက်ခံရသူအရေအတွက်အမြင့်ဆုံးဖြင့် စံချိန်တင်ကြောင်း သိရသည်။

ယခုအခါ ဗိုင်းရပ်ကူး စက်ခံရသူစုစုပေါင်း ၂၀၃၁ ဦးနှင့် သေဆုံးသူ ၂၃ ဦးအထိရှိ လာကြောင်း ကျန်းမာရေး ၀န်ကြီး ဌာနက ထုတ်ပြန်ထားသည်။

မတ် ၂၆ ရက်တွင်ကူးစက်ခံရသူ ၂၃၅ ဦးအနက် အယောက် ၆၀ မှာ ဖေဖော်ဝါရီလ နှောင်းပိုင်းတွင် ကွာလာ လမ်ပူမြို့ရှိ ဗလီတစ်ခု၌ကျင်းပသော ၀တ်ပြုဆုတောင်းပွဲနှင့် ဆက်စပ်နေကြောင်း  ကျန်းမာရေး ညွှန်ကြား ရေးမှူးချုပ် နူအော်ဟီရှမ်အဗ်္ဗဒူလာက ပြောသည်။

ကျန်ရှိသည့် ၁၇၅ ဦးကိုမူ ဆက်လက်စစ်ဆေးနေဆဲဖြစ်ကြောင်းနှင့် ၄၅ ဦးကို အထူးကြပ်မတ်ကုသဆောင်၌ ကုသ ပေးနေပြီး ၃၂ ဦးမှာ အသက်ရှူကိရိယာလိုအပ် သည့် အရေးပေါ်အခြေအနေဖြစ်ကြောင်း သိရသည်။                   

 

Read 38 times Last modified on Friday, 27 March 2020 15:11