SJ WorldNews - шаблон joomla Авто

ဆက်ဆံရေး တိုးတက်စေရန် အမေရိကန် လုပ်ဆောင်မည်ဟု တရုတ်ယုံကြည်

Saturday, 28 March 2020 12:54 font size decrease font size decrease font size increase font size increase font size

နှစ်နိုင်ငံဆက်ဆံရေး တိုးတက်စေရန် အမေရိကန် အစိုးရအနေဖြင့် ခိုင်မာသော ဆောင်ရွက်ချက်များ လုပ်ဆောင်မည်ဟု ယုံကြည်ကြောင်း တရုတ်သမ္မတ ရှီကျင့်ဖျင်က ပြောသည်ဟု တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာနက ထုတ်ပြန်သည်။

ရှီကျင့်ဖျင်သည်  အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နှင့် မတ် ၂၇ ရက်တွင် တယ်လီဖုန်းမှတစ်ဆင့် ဆွေးနွေးစဉ်  ယခုကဲ့သို့ ပြောခြင်းဖြစ်သည်။

ထို့ပြင်  နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှုသည် တစ်ခုတည်းသော မှန်ကန်သည့် ရွေးချယ်မှုဖြစ်ကြောင်း၊ နိုဗယ်ကိုရိုနာဗိုင်းရပ် တိုက်ဖျက်ရေးတွင် အမေရိကန်ကို ကူညီရန် ဆန္ဒရှိကြောင်း၊ တစ်ကမ္ဘာလုံးကို ဒဏ်ရာဒဏ်ချက်ဖြစ်စေသည့် ထိုဗိုင်းရပ်ကို တိုက်ဖျက်ရန် နှစ်နိုင်ငံ ပူးပေါင်းရမည်ဖြစ်ကြောင်း ရှီကျင့်ဖျင်က ပြောသည်ဟု  နိုင်ငံခြားရေး ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

မတ် ၂၇ ရက်ထုတ်ပြန်သည့် စာရင်းများအရ အမေရိကန်နိုင်ငံ၌ နိုဗယ်ကိုရိုနာဗိုင်း ရပ်ကူးစက်ခံရသူ ၈၅၇၄၉ ဦး ရှိလာပြီဖြစ်သည့်အတွက် ဗိုင်းရပ်ကူးစက်မှု စတင်သည့် တရုတ်နိုင်ငံနှင့် ကျန်းမာရေး စနစ်အားနည်းသည့် အီတလီနိုင်ငံတို့ထက် ကူးစက်ခံရသူ ၄ဝဝဝ ကျော် ပိုမို များပြားလာသည်။

အစောပိုင်းတွင်  အမေရိကန်သမ္မတသည် အဆိုပါဗိုင်းရပ်ကို တရုတ်ဗိုင်းရပ်ဟု အကြိမ်ကြိမ် ခေါ်ဆိုသည့်အတွက် နှစ်နိုင်ငံ အကြား အချေအတင်ဖြစ်ပြီး ဆက်ဆံရေး တင်းမာမည့် အခြေအနေဖြစ်ခဲ့ကြောင်း သိရသည်။   

Read 64 times Last modified on Saturday, 28 March 2020 12:55