SJ WorldNews - шаблон joomla Авто

ဖိလစ်ပိုင် စစ်ဦးစီးချုပ် နိုဗယ်ကိုရိုနာဗိုင်းရပ် ကူးစက်ခံရ

Saturday, 28 March 2020 12:58 font size decrease font size decrease font size increase font size increase font size

ဖိလစ်ပိုင်စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီးဖီလီ မွန်ဆန်တို့ဂျူနီယာသည် နိုဗယ်ကိုရိုနာ ဗိုင်းရပ် ကူးစက်ခံရကြောင်း ကာကွယ်ရေးဝန်ကြီး ဒယ်ဖင်လိုရန်ဇာနာက မတ် ၂၇ ရက်တွင် ပြောသည်။

ဖီလီမွန်ဆန်တို့ဂျူနီယာ၏ ဆေးစစ်ချက်အဖြေကို မတ် ၂၇ ရက် နံနက်ပိုင်းတွင် သိရှိပြီးနောက် ကာကွယ်ရေးဝန်ကြီး ဒယ်ဖင်လိုရန်ဇာနာသည် ၎င်းကိုယ်တိုင် သီးသန့် ခွဲနေလျက်ရှိကြောင်း သိရသည်။

ဗီလာမောလေတပ် အခြေစိုက်စခန်း၌ မတ် ၂၁ ရက်တွင် ကျင်းပသော ဆေးဝါး အထောက်အပံ့ ပစ္စည်းများ လွှဲပြောင်းသည့် အခမ်းအနားတွင် တစ်ကြိမ်၊ မတ် ၂၃ ရက် တွင် မာလာကာနန်မြို့ရှိ စစ်ဌာနချုပ်နှင့် သူရဲကောင်းခန်းမ၌ တစ်ကြိမ်၊ ဗိုလ်ချုပ်ကြီး ဖီလီမွန်ဆန်တို့ဂျူနီယာနှင့် စုစုပေါင်း နှစ်ကြိမ် တွေ့ဆုံခဲ့ကြောင်း ကာကွယ်ရေးဝန်ကြီးက ပြောသည်။

ထို့ကြောင့် ကာကွယ်ရေးဝန်ကြီးက ၎င်းသည်လည်း နိုဗယ်ကိုရိုနာဗိုင်းရပ် ကူးစက်ခံရသည့် ရှေ့ပြေးလက္ခဏာများ ခံစားနေရသောကြောင့် နေအိမ်၌ ၁၄ ရက်ကြာ သီးသန့် ခွဲနေမည်ဟု ဆိုသည်။

အဂွီနာဒိုစခန်းရှိ စစ်ဌာနချုပ်၌ တာဝန်ထမ်းဆောင်နေသော အရာရှိကြီးတစ်ဦးသည် ဖိလစ်ပိုင် တပ်မတော်၌ နိုဗယ်ကိုရိုနာ ဗိုင်းရပ် ကူးစက်ခံရသည့် ပထမဆုံး ပုဂ္ဂိုလ် ဖြစ်ကြောင်း  ဗိုလ်ချုပ်ကြီးဆန်တို့က  မတ် ၂၄ ရက်တွင် ကြေညာသည်။

အဆိုပါ အရာရှိကြီးတွင် ဗိုင်းရပ်စစ်ဆေး  တွေ့ရှိပြီးနောက် ၎င်းနှင့်တွေ့ဆုံခဲ့သူ တစ် ယောက်ဖြစ်သဖြင့် နေအိမ်၌ပင် သီးသန့်ခွဲ၍ နေထိုင်ခဲ့ကြောင်း ဗိုလ်ချုပ်ကြီးဆန်တို့ ကပြောသည်။

Read 39 times Last modified on Saturday, 28 March 2020 12:59