SJ WorldNews - шаблон joomla Авто

ဗြိတိန်ဝန်ကြီးချုပ် နိုဗယ်ကိုရိုနာဗိုင်းရပ် ကူးစက်ခံရ

Saturday, 28 March 2020 13:02 font size decrease font size decrease font size increase font size increase font size

 

ဗြိတိန်ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင်သည် နိုဗယ်ကိုရိုနာဗိုင်းရပ် ကူးစက်ခံထားရကြောင်း နှင့် ဒေါင်းနင်းလမ်းရှိ နေအိမ်၌ သီးသန့်ခွဲနေပြီ ဖြစ်ကြောင်း သိရသည်။

ပြီးခဲ့သည့် ၂၄ နာရီအတွင်း ကိုယ်အပူချိန်တက်ခြင်းနှင့် ချောင်းဆိုးခြင်း အပါအဝင် ဗိုင်းရပ် ကူးစက်ခံရမှု ရောဂါလက္ခဏာများ ခံစားလာရသည့်အတွက် ဆေးစစ်ကြည့်ရာ ဗိုင်းရပ်ကူးစက် ခံထားရသည်ကို တွေ့ရခြင်း ဖြစ်ကြောင်း၊  သို့သော်  အစိုးရအဖွဲ့ကို ဆက်လက် ဦးဆောင်သွားမည်ဖြစ်ကြောင်း ဘောရစ်ဂျွန်ဆင်က မတ် ၂၇ ရက်တွင် ပြောသည်။

ထို့ပြင် ကျန်းမာရေး ဝန်ကြီး မတ်ဟန်ကော့နှင့် အင်္ဂလန်ဆေးမှူးချုပ် ပါမောက္ခခရစ်ဝှစ်တီ တို့မှာလည်း အလားတူ ဗိုင်းရပ်ကူးစက် ခံထားရကြောင်း သိရသည်။

နိုဗယ်ကိုရိုနာဗိုင်းရပ် ကူးစက်မှုသည် ကမ္ဘာတစ်ဝန်းတွင် ပျံ့နှံ့ဖြစ်ပွားနေသော်လည်း ထိုဗိုင်းရပ် ကူးစက်ခံရသည်ဟု ပထမဆုံး ထုတ်ဖော်ပြောသည့် အစိုးရအဖွဲ့ခေါင်းဆောင်မှာ ဘောရစ်ဂျွန်ဆင်ဖြစ်သည်။

ဗြိတိန်နိုင်ငံ၌  နိုဗယ်ကိုရိုနာဗိုင်းရပ် ကူးစက်ခံရသူ ၁၄၅၇၉ ဦးရှိပြီဖြစ်ပြီး မတ် ၂၆ ရက်တစ်ရက်တည်းမှာပင် လူ ၁၈၁ ဦး သေဆုံးသည့်အတွက် သေဆုံးသူ စုစုပေါင်း ၇၅၉ ဦး ရှိကြောင်း သိရသည်။

Read 41 times Last modified on Saturday, 28 March 2020 13:03