SJ WorldNews - шаблон joomla Авто

ဗီယက်နမ်က အစားအစာ ဖူလုံစေရန် ဆန်တန်ချိန် ၁၉ဝဝဝဝ သိုလှောင်မည်

Saturday, 28 March 2020 13:06 font size decrease font size decrease font size increase font size increase font size

နိုင်ငံအတွင်း၌ နိုဗယ်ကိုရိုနာဗိုင်းရပ် ကူးစက်မှုဖြစ်ပွားနေစဉ် အစားအစာ ဖူလုံစေရန် ဇွန် ၁၅ ရက်အထိ ဆန်တန်ချိန်   ၁၉ဝဝဝဝ ကို သိုလှောင်မည်ဖြစ်ကြောင်း ဗီယက်နမ်ဘဏ္ဍာရေး ဝန်ကြီးဌာနက မတ် ၂၇ ရက်တွင် ၎င်းတို့၏ ဝက်ဆိုက်၌ ဖော်ပြထားသည်။

ထို့ပြင် ဆန်တင်ပို့ရေး သဘောတူညီချက် အသစ်များကိုလည်း မတ် ၂၈ ရက်မှစ၍ ဆိုင်းငံ့ရန် ဗီယက်နမ်ဝန်ကြီးချုပ် ငုယင်ဆွမ်ဖုက ညွှန်ကြားထားသည်။  

ဗီယက်နမ်နိုင်ငံသည် အိန္ဒိယနှင့် ထိုင်းနိုင်ငံတို့ပြီးနောက် ကမ္ဘာ့တတိယ အကြီးဆုံး ဆန်တင်ပို့သည့် နိုင်ငံဖြစ်သည်။

နိုင်ငံတော်အရန် သိုလှောင်ရေးဌာနက  ယခုနှစ်တွင် စပါးတန်ချိန် ၈ဝဝဝဝ ကို သိုလှောင်မည်ဖြစ်သည်။

ယင်းဌာနအနေဖြင့် ၂ဝ၁၉ ခုနှစ် တစ်နှစ်လုံးစာအတွက်   စပါးတန်ချိန်  ၈ဝဝဝဝ  နှင့်  ဆန်တန်ချိန် နှစ်သိန်းကို သိုလှောင်ခဲ့သည်။

အစိုးရအနေဖြင့် နိုင်ငံအတွင်း၌ နိုဗယ်ကိုရိုနာဗိုင်းရပ် ကူးစက်မှုကို နှေးကွေးစေရန် လုပ်ဆောင်နေစဉ် မတ် ၂၈ ရက်မှ  ဧပြီ ၁၅ ရက်အတွင်း ဟနွိုင်းမြို့နှင့် ဟိုချီမင်းမြို့တို့မှ အခြားမြို့များသို့ ပြေးဆွဲသည့် လေကြောင်း ခရီးစဉ်များကို  ရပ်ဆိုင်းရန်   ဝန်ကြီးချုပ် ငုယင်ဆွမ်ဖုက  ညွှန်ကြားထားသည်။

ဗီယက်နမ်နိုင်ငံ၌  ဗိုင်းရပ်ကူးစက်ခံရသူ ၁၆၃  ဦးရှိပြီး  နေပြန်ကောင်းလာသူ အယောက် ၂ဝ ရှိကြောင်း ကျန်းမာရေး ဝန်ကြီးဌာနက    ထုတ်ပြန်ထားသည်။

Read 44 times Last modified on Saturday, 28 March 2020 13:07