SJ WorldNews - шаблон joomla Авто

ကမ္ဘာ့အကြီးဆုံး ကြေးမုံပြင် အဆောက်အအုံ

Saturday, 28 March 2020 13:41 font size decrease font size decrease font size increase font size increase font size

ဆော်ဒီအာရေဗျနိုင်ငံ၌  အသစ်တည်ဆောက်ထားသည့် ဖျော်ဖြေပွဲခန်းမက ကမ္ဘာ့အကြီးဆုံး ကြေးမုံပြင် အဆောက်အအုံအဖြစ် ဂင်းနစ် မှတ်တမ်းဝင်သွားသည်။

အယ်အူလာမြို့ရှိ    ရောင်ပြန်ခန်းမဟု အဓိပ္ပာယ်ရသည့်    မာရာယာဖျော်ဖြေပွဲ ခန်းမက ကုဗပုံစံနှင့် စတုရန်းပေ ၃၁၉၅၅ ပေရှိသည်။ အဆောက်အအုံ အပြင်ဘက်ကို ကြေးမုံပြင်များသာ  တပ်ဆင်ထားရသည့် ရည်ရွယ်ချက်က ကန္တာရ အတွင်းရှိ သဘာဝ အလှအပများကို   ရောင်ပြန်ဟပ်စေရန်နှင့် အသားပေး ဖော်ပြနိုင်ရန်ဖြစ်သည်ဟု အဆောက်အအုံ ဒီဇိုင်းရေးဆွဲသူများက ပြောသည်။

ဖျော်ဖြေပွဲကျင်းပရန်အဖြစ် လည်းကောင်း၊  ကုမ္ပဏီများက ညီလာခံများ ကျင်းပရန်အဖြစ်လည်းကောင်း၊   အခြားအခမ်းအနားများ ကျင်းပရန်အဖြစ် လည်းကောင်း    ခုံအလုံး ၅ဝဝ ဆံ့ အဆိုပါခန်းမကို အသုံးပြုနိုင်မည် ဖြစ်သည်။

Read 57 times Last modified on Saturday, 28 March 2020 13:42