SJ WorldNews - шаблон joomla Авто

အသက်ရှူကိရိယာပြတ်လပ်မှုကြောင့် ရေငုပ်မျက်နှာဖုံးကိုပင် အသက်ရှုကိရိယာအဖြစ် အသုံးပြုနေရပြီ

Tuesday, 31 March 2020 09:55 font size decrease font size decrease font size increase font size increase font size

ကျန်းမာရေး

ကမ္ဘာကြီးမှာ နိုဗယ်ကိုရိုနာ ဗိုင်းရပ်ကူးစက်ခံရသူ  တစ်နေ့တခြားများပြားလာပါတယ်။ မတ် ၃ဝ ရက်အထိ ထုတ်ပြန်ချက်အရဆိုရင် တစ်ကမ္ဘာလုံးမှာ ဗိုင်းရပ်ကူးစက်ခံရသူစုစုပေါင်း ၇၃၅ဝဝဝ ကျော်နဲ့ သေဆုံးသူစုစုပေါင်း ၃၅ဝဝဝ နီးပါးရှိသွား ပါပြီ။ ဒီဗိုင်းရပ်ကူးစက်ခံရပြီဆိုရင် ချောင်း ခြောက်ဆိုးမယ်။ နှာချေမယ်။ ကိုယ်ပူမယ်။ ဒါတွေကတော့ အစောပိုင်းရောဂါလက္ခဏာတွေပါ။ နဂိုရောဂါအခံ တစ်ခုခုလည်းရှိတယ်။ ကျန်းမာရေးလည်း သိပ်မကောင်းဘူးဆိုရင်တော့ ဗိုင်းရပ် ကြောင့်ဖြစ်တဲ့ ကိုဗစ်-၁၉ ရောဂါကို ခံနိုင်ရည်သိပ်ရှိမှာ မဟုတ်ပါဘူး။

အဲဒီအခါမှာ အရေးပေါ် အခြေအနေ ဖြစ်လာပါမယ်။ အရေးအပေါ်အခြေအနေ ဖြစ်လာရင် တော့ အသက်ရှူရခက်ခဲလာပြီး ခန္ဓာကိုယ်တွင်းကလီစာတချို့ကလည်း အလုပ်မလုပ်တော့ ပါဘူး။

ဒီလိုအချိန်မှာ လူနာတွေကို အသက်ရှူကိရိယာနဲ့ အသက်ဆက်ပေးဖို့လိုပါတယ်။ ဒါပေမဲ့ ဒီနေ့ အချိန်လိုမျိုး ဗိုင်းရပ်ကူးစက်ခံရသူ အဆမတန်မြင့်တက်လာတဲ့အခါမှာ အသက်ရှူကိရိယာ တွေကလည်း ဈေးကွက်ထဲမှာပြတ်လပ်သွားတဲ့အထိကို အခြေအနေ ဆိုးဝါးလာပါတယ်။

တချို့နေရာတွေမှာဆိုရင် အသက်ရှူကိရိယာ မလုံလောက်တဲ့အတွက် အရေးပေါ် လူနာချင်း ယှဉ်လာရင်တောင် အသက်ရှင်နိုင်ခွင့်ပိုများတဲ့လူနာကို ဦးစားပေးပြီး အသက်ရှင်နိုင်ခွင့်နည်း တဲ့လူနာကို လျစ်လျူရှုလိုက်ရတဲ့ အခြေအနေမျိုးတွေတောင် ဖြစ်သွားရတာပါ။

ဒါပေမဲ့ ဆရာဝန်တွေနဲ့ အင်ဂျင်နီယာတွေကတော့ ဒီအခြေအနေကို အရှုံးမပေးဘဲ အရေးပေါ် အခြေအနေတွေမှာ လတ်တလော အသုံးပြုလို့ရနိုင်မယ့် အသက်ရှူကိရိယာတွေကို ဖန်တီး လိုက်ပါတယ်။

ဒီကိရိယာကိုဖန်တီးသူတွေက အီတလီနိုင်ငံကပါ။ အီတလီနိုင်ငံဆိုတာ နိုဗယ်ကိုရိုနာ ဗိုင်းရပ် အဆိုးဆုံးကူးစက်ခံရတဲ့ နိုင်ငံတွေထဲက တစ်နိုင်ငံဖြစ်ပါတယ်။ ဗိုင်းရပ်ကြောင့် သေဆုံးသူတွေ ဆိုတာလည်း နေ့ချင်းညချင်းကို မြင့်တက်လာတဲ့နိုင်ငံပါ။

ဆရာဝန်တွေထံကနေ အကြံဉာဏ်ယူပြီး အင်ဂျင်နီယာတွေ ဖန်တီးလိုက်တဲ့ အသက်ရှူ ကိရိယာက ရေအောက် အားကစားပြိုင်ပွဲတွေမှာအသုံးပြုတဲ့ အသက်ရှူမျက်နှာဖုံးကို ပုံစံ ပြောင်းလိုက်တာဖြစ်ပါတယ်။

သူတို့ဟာ ပုံစံပြောင်း အသက်ရှူမျက်နှာဖုံးကို ဘယ်လိုနည်းနဲ့ လုပ်ရတယ်ဆိုတဲ့ ပညာကို လည်း ထိမ်ချန်ထားခြင်းမရှိဘဲ လုပ်ပုံ လုပ်နည်းအဆင့်ဆင့်ကိုပါ အများသိအောင် ရှင်းပြထား ပါသေးတယ်။

ဒီအသက်ရှူမျက်နှာဖုံးတွေကို အသက်ရှူလမ်းကြောင်းဆိုင်ရာ ပြဿနာဆိုးဆိုးဝါးဝါးဖြစ်နေတဲ့ လူနာတွေအတွက် အသုံးပြုဖို့ ရည်ရွယ်တာဖြစ်ပြီး လူနာရဲ့လေပြွန်ထဲကို အောက်ဆီဂျင် ပိုက်ထိုးသွင်းရတဲ့ ပြဿနာကနေ ကင်းဝေးစေဖို့ဖြစ်တယ်လို့ အသက်ရှူလမ်းကြောင်းဆိုင်ရာ ဆရာဝန် ဖရက်ဒရစ်ဘွန်နီယာက ပြောပါတယ်။

ကိုဗစ်-၁၉ ရောဂါခံစားရတဲ့လူနာဟာ အဆုတ်ရောင်လာပြီး အဲဒီလိုအဆုတ်ရောင်မှုက အဆုတ်အမြှေးတွေကို ပျက်စီးစေကာ လေအိတ်တွေထဲကို ရေတွေနဲ့ပြည့်သွားစေတာမျိုးပါ။

အခုလိုဖန်တီးပေးနိုင်ခြင်းဟာ ကိုဗစ်-၁၉ ရောဂါခံစားနေရတဲ့ လူနာတွေအနေနဲ့ အရေးပေါ် အခြေအနေဖြစ်သည့်တိုင်အောင် သူတို့ရဲ့ အဆုတ်လေအိတ်ပျက်စီးမှု မရှိစေဖို့ အကူအညီဖြစ် စေမှာပါ။

အဆုတ်လေအိတ်ဆိုတာကတော့ မိမိတို့ရဲ့ခန္ဓာကိုယ်ထဲကို အောက်ဆီဂျင်ရှူသွင်းဖို့နဲ့ ကာဗွန် ဒိုင်အောက်ဆိုက်ပြန်ထုတ်ဖို့အတွက် မရှိမဖြစ်အရေးပါတဲ့ အရာဖြစ်ပါတယ်။

ဒါပေမဲ့ အခုဖန်တီးထားတဲ့ အသက်ရှူမျက်နှာဖုံးတွေဟာ လက်တွေ့စမ်းသပ်မှုတွေနဲ့ တရားဝင် အတည်ပြုမှုတွေမရှိတဲ့အပြင် လူနာတစ်ဦးသုံးပြီးရင် နောက်တစ်ဦးက ထပ်သုံးဖို့အတွက် ပိုးသတ်နိုင်ခြင်းမရှိတာကြောင့် တစ်ခါသုံးအဖြစ်သာ အသုံးပြုနိုင်မှာပါ။

လက်ရှိအချိန်မှာ မော်တော်ကားထုတ်လုပ်တဲ့ စက်ရုံတွေအနေနဲ့ အသက်ရှူကိရိယာတွေကို ကူညီထုတ်လုပ်ပေးနေပေမယ့်လည်း အချိန်အတိုင်းအတာ တစ်ခုအထိတော့ ကြာမြင့်ဦးမှာဖြစ် ပါတယ်။

ဒါကြောင့် အကောင်းဆုံးကတော့ နိုဗယ်ကိုရိုနာ ဗိုင်းရပ်ကူးစက်မခံရစေဖို့ ကိုယ့်ကိုယ်ကိုယ် ကာကွယ်ခြင်းပဲဖြစ်ပါတယ်။ ကိုယ့်ကိုယ်ကိုယ်ကာကွယ်ဖို့အတွက် လုပ်ဆောင်ရမယ့် အချက် တွေကလည်း သိပ်အများကြီး မဟုတ်ပါဘူး။ လက်ကိုဆပ်ပြာနဲ့ ရေနဲ့အသုံးပြုပြီး စက္ကန့် ၂ဝ ကြာဆေးပါ။ ဒါမှမဟုတ် အရက်ပျံပါဝင်တဲ့ လက်သန့်စင်ဆေးရည်နဲ့ဆေးပါ။ လက်ဆေးတာကို တော့ မကြာခဏဆိုသလို လုပ်ပေးပါ။

လူစုလူဝေးတွေကို ရှောင်ကြဉ်ပါ။ လူကြားထဲမှာပဲဖြစ်ဖြစ်၊ ကိုယ်တစ်ယောက်တည်း ရှိနေတဲ့ အချိန်မှာပဲဖြစ်ဖြစ် နှာချေမယ်၊ ချောင်းဆိုးမယ်ဆိုရင် တစ်ခါသုံးလက်ကိုင်ပဝါ ဒါမှမဟုတ် တံတောင်ဆစ်ကွေးနဲ့အုပ်ပါ။ ပြီးရင် သန့်ရှင်းရေးပြန်လုပ်ပါ။ ကိုယ်ခံအား ကောင်းအောင် အာဟာရပြည့်ဝတဲ့ အစားအသောက်တွေစားပြီး ပြည့်ပြည့်ဝဝ အနားယူပါ။ မျက်နှာကို လက်နဲ့ မထိမိအောင် တတ်နိုင်သမျှ ရှောင်ကြဉ်ပါ။

ဖျားနာလူနာကိုပြုစုရတဲ့သူ ဒါမှမဟုတ် ကိုယ်တိုင်ဖျားနာသူ ဒါမှမဟုတ် ဗိုင်းရပ်ရှိတယ်ဆိုတဲ့ နေရာကိုသွားရသူဆိုရင် နှာခေါင်းစည်းတပ်ပါ။ ကိုဗစ်-၁၉ ရောဂါရှိတဲ့သူကို ပြုစုကုသပေးရသူ တွေကတော့ တစ်ကိုယ်ရေ သုံးအကာအကွယ်ဝတ်စုံကို မဖြစ်မနေဝတ်ပါ။

ဒီအချက်တွေကိုသာ လိုက်နာမယ်ဆိုရင် နိုဗယ်ကိုရိုနာဗိုင်းရပ် ကူးစက်မှုကနေ အတိုင်းအတာ တစ်ခုအထိ ထိထိရောက်ရောက် ကာကွယ်နိုင်မှာပဲဖြစ်ပါတယ်။

Ref: CAN

ထက်မြတ်

Read 67 times Last modified on Tuesday, 31 March 2020 09:57