SJ WorldNews - шаблон joomla Авто

မြောက်ကိုရီးယားက အကြီးစားအတွဲလိုက် ဒုံးပစ်လောင်ချာများကို စမ်းသပ်ဟုဆို

Tuesday, 31 March 2020 09:57 font size decrease font size decrease font size increase font size increase font size

ဆိုး၊ နိုင်ငံရေး

မြောက်ကိုရီးယားနိုင်ငံအနေဖြင့် အကြီးစား အတွဲလိုက် ဒုံးပစ်လောင်ချာများကို အောင်မြင်စွာ စမ်းသပ်နိုင်ကြောင်း နိုင်ငံပိုင်သတင်းဌာနက မတ် ၃ဝ ရက်တွင် ဖော်ပြသည်။ သို့သော် ယင်း စမ်းသပ်မှုကို မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန် ကိုယ်တိုင်ကြီးကြပ်ကွပ်ကဲခြင်း ရှိ၊ မရှိ မဖော်ပြထားပေ။ မြောက်ကိုရီးယားက ယခုလအတွင်း ဒုံးကျည်စမ်းသပ်ပစ်ခတ်မှု လေးကြိမ် လုပ်ဆောင်ထားသည်။

မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်သည် ထိုသို့စမ်းသပ်ပစ်လွှတ်မှုများကို အမြဲတမ်း နီးပါး ကြီးကြပ်ကွပ်ကဲသော်လည်း ယခုစမ်းသပ်မှုကို အာဏာရပါတီ၏ ဒုတိယဥက္ကဋ္ဌ ရီပြောင်ချိုက ဦးဆောင်ပြီး အမျိုးသားကာကွယ်ရေး သိပ္ပံအကယ်ဒမီက စမ်းသပ်ခြင်းဖြစ် ကြောင်း နိုင်ငံပိုင် KCNA သတင်းဌာနကထုတ်ပြန်သည်။

မြောက်ကိုရီးယားနိုင်ငံသည်  ပဲ့ထိန်းဒုံးကျည်များဟု ယူဆရသော ဒုံးကျည်နှစ်စင်း ကို မတ် ၂၉ ရက်တွင် ဝန်ဆန်မြို့မှ ဂျပန် ပင်လယ်သို့ ပစ်လွှတ်ကြောင်း တောင်ကိုရီးယား အစိုးရက ပြောထားသည်။

မြောက်ကိုရီးယားနိုင်ငံပိုင်  Rodong-Sinmun သတင်းစာတွင် ဖော်ပြထားသော ဓာတ်ပုံများ အရ ဒုံးပစ်ပေါက်ခြောက်ခုပါသော လောင်ချာမှ ပစ်လွှတ်လိုက်သည့် ဒုံးကျည်များသည် ပစ်မှတ်ဟု ယူဆရသော အရာကို ထိမှန်ကြောင်း သိရသည်။

Ref: Bangkok Post

Read 66 times Last modified on Tuesday, 31 March 2020 09:58