SJ WorldNews - шаблон joomla Авто

သြစတြေးလျ၌ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုလျော့ကျ

Tuesday, 31 March 2020 09:58 font size decrease font size decrease font size increase font size increase font size

ကန်ဘာရာ၊  ကျန်းမာရေး

သြစတြေးလျနိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှု သိသိသာသာ လျော့ကျလာသော်လည်း နိုဗယ်ကိုရိုနာ ဗိုင်းရပ်ကူးစက်ခံရသူ အရေအတွက်မှာ ၄ဝဝဝ ကျော်အထိရှိလာပြီဖြစ်ကြောင်း မတ် ၃ဝ ရက် ထုတ်ပြန်ချက်အရ သိရသည်။

မတ် ၃ဝ ရက် နံနက်ပိုင်းတွင် သြစတြေးလျနိုင်ငံ၌ နိုဗယ်ကိုရိုနာဗိုင်းရပ် ကူးစက်ခံရသူ၎ဝ၉၃ ဦးရှိသည်ဟု ကျန်းမာရေး ဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

မတ် ၂၉ ရက် နံနက်ပိုင်းတွင် ဗိုင်းရပ်ကူးစက်ခံရသူ ၃၈ဝ၉ ဦးရှိသည့်အပြင် မတ် ၃ဝ ရက်တွင် ကူးစက်မှုနှုန်း ၇ ဒသမ ၄ ရာခိုင်နှုန်းသာ မြင့်တက်လာသည်။ မတ် ၂၆ ရက်နောက်ပိုင်း ဗိုင်းရပ်ကူးစက်မှုနှုန်းမှာ ခန့်မှန်းခြေအားဖြင့် တစ်ရက်လျှင် ၁ဝ ရာခိုင်နှုန်းရှိသည်။

သို့သော် သြစတြေးလျနိုင်ငံ၌ ဗိုင်းရပ်ကူးစက်ခံရသူ အများဆုံးဖြစ်သည့် မတ်လအတွင်း နေ့စဉ် ကူးစက်ခံရသူ အရေအတွက်မှာ ခန့်မှန်းခြေအားဖြင့် ၂ဝ နှင့် ၂၅ ရာခိုင်နှုန်း အထိမြင့် တက်ကာ ယခုမှာ ကူးစက်မှုနှုန်း ကျဆင်းသွားခြင်း ဖြစ်သည်။

ကိုဗစ်-၁၉ ရောဂါကူးစက်ဖြစ်ပွားမှုနှင့် ပတ်သက်၍ အမြင့်ဆုံးစစ်ဆေးမှုများ လုပ်ဆောင်ပြီး သည့်အတွက် ဗိုင်းရပ်ကူးစက်ခံရသူ အများအပြားတွေ့ရှိပြီးဖြစ်မည်ဟု ယုံကြည်ကြောင်း သြစတြေးလျဆေးမှူးချုပ် ဘရင်ဒန်မာဖီက မတ် ၂၉ ရက်တွင် ပြောသည်။

လက်ရှိတွင် ဗိုင်းရပ်ကူးစက်မှု ကျဆင်းနေသော်လည်း ယခုထက်ပိုမိုကျဆင်းရန် လိုအပ်နေ သေးကြောင်း ကဆက်ပြောသည်။                  

Ref: Xinh

Read 45 times Last modified on Tuesday, 31 March 2020 09:59