SJ WorldNews - шаблон joomla Авто

လာအို၌ နိုင်ငံတကာ အဝင်အထွက် နေရာအားလုံးကိုပိတ်

Tuesday, 31 March 2020 10:00 font size decrease font size decrease font size increase font size increase font size

ဗီယန်ကျင်း၊ ကျန်းမာရေး

လာအိုနိုင်ငံ၌ နိုဗယ်ကိုရိုနာဗိုင်းရပ် ကူးစက်မှုကို ကာကွယ်ရန် ပြည်တွင်း ပြည်ပခရီးသည်များ အတွက် နိုင်ငံတကာအဝင်အထွက် နေရာအားလုံးကိုပိတ်ကာ ကုန်စည်ပို့ဆောင်မှုကိုမူ ဆက် လက်ခွင့်ပြုထားကြောင်း အစိုးရက ကြေညာသည်။

မတ် ၃ဝ ရက်မှ ဧပြီ ၁၉ ရက်အထိ အသက်ဝင်မည့် အဆိုပါစီမံချက်များသည် နောက်ထပ် ထုတ်ပြန်ချက်များနှင့်အညီ အပြောင်းအလဲရှိမည်ဖြစ်ကြောင်း Vientiane Times နေ့စဉ်ထုတ် သတင်းစာ၌ ဖော်ပြထားသည်။

နေရပ်ပြန်လိုသူ ပြည်ပနိုင်ငံသားများအတွက် အဆင်ပြေချောမွေ့စေရန် သက်ဆိုင်ရာဌာနများ က ဖြေရှင်းဆောင်ရွက်ပေးမည်ဖြစ်ကြောင်း လာအိုနိုင်ငံခြားရေး ဝန်ကြီးဌာနက ပြောသည်။

နိုဗယ်ကိုရိုနာ ဗိုင်းရပ်ကူးစက်မှုနှင့် ပတ်သက်၍ ကြိုတင်ကာကွယ်မှုများနှင့် ထိန်းချုပ်ရေး စီမံချက်များကို တိုးမြှင့်လုပ်ဆောင်ရန် လာအိုဝန်ကြီးချုပ် ဟောင်လွန်ဆီဆိုလီက အထူးအမိန့် ထုတ်ပြန်ထားသည်။

လာအိုနိုင်ငံ၌ ပြည်သူများကို နေအိမ်ပြင်ပသို့ ထွက်ခွင့်မပြုကြောင်းနှင့် ကုန်းလမ်းပို့ဆောင် ရေး လုပ်ငန်းများကို ယာယီပိတ်ထားကြောင်း အစိုးရအဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူ ချာလန်ယီ အာဘောင်ဟာက သတင်းစာ ရှင်းလင်းပွဲတစ်ခုတွင် ပြောသည်။

အစိုးရဝန်ထမ်းများ အနေဖြင့် ဧပြီ ၁ ရက်မှ ဧပြီ ၁၉ ရက်အထိ မဖြစ်မနေ တာဝန်မှလွဲ၍ နေအိမ်များမှသာ အလုပ်လုပ်ရမည် ဖြစ်ကြောင်း သိရသည်။  

Ref: Xinhua

Read 54 times Last modified on Tuesday, 31 March 2020 10:01