SJ WorldNews - шаблон joomla Авто

အိန္ဒိယက အဝင်အထွက်ပိတ်ထားမှု ကာလတိုးမြှင့်ရန် အစီအစဉ်မရှိ

Tuesday, 31 March 2020 10:01 font size decrease font size decrease font size increase font size increase font size

နယူးဒေလီ၊ ကျန်းမာရေး

အိန္ဒိယနိုင်ငံအနေဖြင့် အခြေခံစားသောက်ကုန်များ ဆက်လက်စီးဆင်းရေးနှင့် ကျေးလက် ဒေသများသို့ ပြန်သွားရသော အလုပ်အကိုင်မဲ့ဒေသခံ ထောင်ပေါင်းများစွာကို တားဆီးရန် ကြိုးပမ်းနေစဉ် နိုဗယ်ကိုရိုနာ ဗိုင်းရပ်ကူးစက်မှု နှေးကွေးရေး တစ်နိုင်ငံလုံးကို ၂၁ ရက်ကြာ အဝင်အထွက်ပိတ်ထားမှု ကာလကိုတိုးမြှင့်ရန် အစီအစဉ်မရှိကြောင်း အစိုးရက မတ် ၃ဝ ရက် တွင်ထုတ်ပြန်သည်။

နိုင်ငံ၏လူဦးရေ ၁ ဒသမ ၃ ဘီလီယံအနေဖြင့် နိုဗယ်ကိုရိုနာဗိုင်းရပ်ကူးစက်မှု ရပ်တန့်ရေး အတွက် ဧပြီ ၁၅ ရက်အထိ နေအိမ်၌သာ နေထိုင်ရန် ဝန်ကြီးချုပ်နာရန်ဒရာမိုဒီက ညွှန်ကြား ထားသည်။

သို့သော် ယင်းအမိန့်သည် ဆင်းရဲသော အိန္ဒိယပြည်သူများကို အလုပ်လက်မဲ့မှုနှင့် ဆာလောင် မှုများဖြစ်ပွားစေကြောင်း သိရသည်။ အိန္ဒိယအစိုးရက အဝင်အထွက်ပိတ်ထားစဉ် ဒေလီနှင့် မွမ်ဘိုင်းကဲ့သို့ မြို့ကြီးများရှိ နေ့စားအလုပ်သမား ထောင်ပေါင်းများစွာအနေဖြင့်  အစိုးရ၏ အမိန့်ကို ဖီဆန်ကာ အဆိုပါမြို့ကြီးများမှ နေရပ်ကျေးလက်ဒေသများသို့ ခြေကျင်လျှောက်ပြန် သွားကြောင်း သိရသည်။

ထို့ကြောင့် သက်ဆိုင်ရာပြည်နယ် တာဝန်ရှိသူများအနေဖြင့် နေရပ်ပြန်သွားသူများ အတွက် ရောက်ရာနေရာများတွင် ယာယီတဲများ ဆောက်လုပ်ပေးကာ အစားအစာများ ထောက်ပံ့ပေး ရန် အစိုးရက အမိန့်ပေးထားသည်။

Ref: The Straits Times

Read 55 times Last modified on Tuesday, 31 March 2020 10:02