SJ WorldNews - шаблон joomla Авто

လူတွေအိမ်ထဲက အိမ်အပြင် မထွက်စေဖို့ ကင်းလှည့်နေတဲ့ ရဲစက်ရုပ်

Monday, 06 April 2020 09:25 font size decrease font size decrease font size increase font size increase font size

တူနီးရှားနိုင်ငံမှာ နိုဗယ်ကိုရိုနာဗိုင်းရပ် တိုက်ဖျက်ရေးကို အရှိန်အဟုန်မြှင့်လုပ်ဆောင်နေပါတယ်။ တူးနစ်မြို့တော် မှာ ဆိုရင် သွားအလာတားမြစ်မိန့်တောင်ထုတ်ထားပါတယ်။

ပြည်ထဲရေးဝန်ကြီးဌာနကတော့ ပြည်သူတွေအနေနဲ့ အဲဒီအမိန့်ကို တိတိကျကျ လိုက်နာနိုင်စေဖို့ ရဲစက်ရုပ်ကို တူးနစ်မြို့မှာ ကင်းလှည့် ခိုင်းထားပါတယ်။

ရဲစက်ရုပ်ရဲ့နာမည်က  P Guard  ပါ။  သူ့မှာ အနီအောက် ရောင်ခြည်နဲ့  အပူပုံရိပ်ဖော်ကင်မရာတွေ တပ်ဆင်ထား ပါတယ်။ ဒါ့အပြင် အသံနဲ့ သတိပေး စနစ်နဲ့ အလင်းနဲ့ သတိပေးစနစ်တို့လည်း ပါဝင်ပါတယ်။

ဒီစက်ရုပ်ကို ၂၀၁၅ ခုနှစ်မှာ စတင် တီထွင်တာဖြစ်ပြီး မူလရည်ရွယ်ချက်က လုံခြုံရေး ကင်းလှည့်မှုတွေ လုပ်ဖို့ ဖြစ်ပါတယ်။ သူဟာ လူတူ အသိဉာဏ်ကို အသုံးပြုပြီး အလိုအလျောက် သွားလာနိုင်တဲ့ စက်ရုပ်လည်းဖြစ်ပါတယ်။

အီနိုဗာစက်ရုပ် ကုမ္ပဏီ က ထုတ်လုပ်ထားတဲ့ အဲဒီစက်ရုပ် တစ်ခုရဲ့ တန်ကြေးက ယူရို ၁၀၀၀၀၀ နဲ့ ၁၃၀၀၀၀ ကြားရှိ ပါတယ်။          

အဲဒီ ကုမ္ပဏီက အလားတူ စက်ရုပ်အများအပြားကိုလည်း ပြည်ထဲရေး ၀န်ကြီးဌာနကို လှူဒါန်း ထားပါသေးတယ်။

အခုဆိုရင် အီနိုဗာ ကုမ္ပဏီဟာ ဆေးရုံတွေမှာရှိတဲ့ ဗိုင်းရပ် ကူးစက်ခံထားရတဲ့ လူနာတွေနဲ့ သူ့ရဲ့မိသားစုဝင်တွေ အကြား အဆက်အသွယ်လုပ်နိုင်ဖို့အတွက် တခြား စက်ရုပ်တွေကို ဆေးရုံတွေမှာထားရှိပေးဖို့လည်း စီစဉ်နေပါ တယ်။

ဒါ့အပြင် နောက်ထပ်စက်ရုပ် အမျိုးအစား တစ်ခုကတော့ ဘယ်သူက ဗိုင်းရပ်ကူးစက် ခံထားရလဲ ဆိုတာကို              ခွဲခြားပေး နိုင်တဲ့ စက်ရုပ်ဖြစ်ပြီး ဧပြီလ ကုန်ပိုင်းရောက်မှ ဆေးရုံတွေမှာ အသုံးပြုနိုင်မှာဖြစ်ပါတယ်။

 

Read 65 times Last modified on Monday, 06 April 2020 09:26