SJ WorldNews - шаблон joomla Авто

ပြည်သူအားလုံး နှာခေါင်းစည်းတပ်ရန် အင်ဒိုနီးရှားအစိုးရညွှန်ကြား

Monday, 06 April 2020 09:34 font size decrease font size decrease font size increase font size increase font size

ဂျကာတာ၊ ကျန်းမာရေး

အင်ဒိုနီးရှားနိုင်ငံအတွင်း နိုဗယ်ကိုရိုနာ ဗိုင်းရပ်ကူးစက်ခံရသူ ပိုမိုမြင့်တက်လာသည့် အတွက် ပြည်သူအားလုံး နှာခေါင်းစည်း တပ်ရန်    အစိုးရက   ညွှန်ကြားလိုက် သည်။

ဧပြီ    ရက်ထုတ်ပြန်ချက်များအရ အင်ဒိုနီးရှားနိုင်ငံ၌ ဗိုင်းရပ်ကူးစက်ခံရသူ၁၈၁ ဦးနှင့် သေဆုံးသူ ခုနစ်ဦးရှိကြောင်း သိရသည်။ ထို့ကြောင့် တစ်နိုင်ငံလုံး၌ ဗိုင်းရပ် ကူးစက်ခံရသူစုစုပေါင်း   ၂၂၇၃ဦးနှင့် သေဆုံးသူ စုစုပေါင်း ၁၉၈ ဦးရှိ လာပြီဖြစ်သည်။

ထို့ကြောင့် ပြည်သူအားလုံး နှာခေါင်းစည်း ကိုမဖြစ်မနေတပ်ရမည်ဖြစ်ကြောင်း၊ ခွဲစိတ်ခန်းသုံးနှင့် N95 နှာခေါင်း စည်းများသည် ကျန်းမာရေးဝန်ထမ်းများ အတွက်သာဖြစ်သော်လည်း ရောဂါ လကဏာမပြဘဲ ကူးစက်မှုများ ရှိနေသဖြင့်   ပြည်သူများက  ပိတ်စဖြင့် လုပ်ထားသည့် နှာခေါင်းစည်းများ ကိုတပ်ဆင်ရန်လိုအပ်ကြောင်း ကျန်းမာ ရေး ၀န်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးကပြောသည်။

အရှေ့တောင်အာရှဒေသ၌ နိုဗယ်ကိုရို နာဗိုင်းရပ်ကူးစက်မှုအများဆုံးမှာ မလေးရှားနိုင်ငံဖြစ်ပြီး ဗိုင်းရပ်ကူးစက်ခံရသူ စုစုပေါင်း ၃၆၆၂ ဦးနှင့်သေဆုံးသူစုစုပေါင်း ၆၁ ဦးရှိသည်။

ထို့ပြင် ဒေသတွင်း၌ဗိုင်းရပ်ကူးစက်မှု ဒုတိယအများဆုံးနိုင်ငံမှာ ဖိလစ်ပိုင်နိုင်ငံဖြစ်ပြီး ဧပြီ ၅ ရက်အထိ ဗိုင်းရပ်ကူး စက်ခံရသူ စုစုပေါင်း ၃၂၄၆ ဦးနှင့် သေဆုံးသူစုစုပေါင်း ၁၅၂ ဦးရှိကြောင်းသိရသည်။

Read 70 times Last modified on Monday, 06 April 2020 09:36