SJ WorldNews - шаблон joomla Авто

ဗြိတိန်ပြည်သူများ လမ်းညွှန်ချက်များကိုမလိုက်နာပါက ကန့်သတ်ချက်များ တင်းကျပ်မည်ဟု အစိုးရသတိပေး

Monday, 06 April 2020 09:36 font size decrease font size decrease font size increase font size increase font size

လန်ဒန်၊ ကျန်းမာရေး

ဗြိတိန်ပြည်သူများအနေဖြင့် နိုဗယ်ကိုရိုနာ ဗိုင်းရပ်ကူးစက်ပျံ့နှံ့မှုကို  လျှော့ချနိုင်ရန်  ချမှတ်ထားသည့် လမ်းညွှန်ချက် များကို မလိုက် နာပါက အစိုးရအနေဖြင့် လူလူချင်းထိတွေ့ ဆက်ဆံနိုင်ခြင်းမရှိစေရေး ကန့်သတ်ချက် များကို တင်းကျပ်စွာ ချမှတ်မည်ဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီး မတ်ဟန်ကော့က ဧပြီ ၅ ရက်တွင်သတိပေးသည်။

ဗြိတိန်နိုင်ငံ၌ အသွားအလာ ကန့်သတ်မှု ချမှတ်ထားသည်မှာ  သီတင်းပတ်သုံးပတ်မြောက်သို့ ရောက်လာစဉ်တွင် ပူနွေးသော ရာသီဥတုကြောင့်  ပြည်သူများအနေဖြင့်  ပန်းခြံများနှင့်ကစားကွင်းများတွင် စုဝေးလာ နိုင်ဖွယ်ရှိမှုအပေါ် တာဝန်ရှိသူများက စိုးရိမ် နေသည်။

လန်ဒန်မြို့တော်တောင်ဘက်ရှိ ပန်းခြံ၌  ဧပြီ ၄ ရက်တွင် နေပူဆာလှုံသူ များပြားလာမှုကြောင့် ထိုပန်းခြံကို ဧပြီ ၅ ရက်တွင် ပိတ်လိုက် ရသည်။

ထိုသို့နေပူဆာလှုံခြင်းသည် ညွှန်ကြား ချက်များကိုချိုးဖောက်ခြင်းဖြစ်ပြီး ယင်းကဲ့သို့လုပ်ဆောင်သူများအနေဖြင့်  အသက် အန္တရာယ်စိုးရိမ်ရကြောင်း မတ်ဟန်ကော့က Sky News သတင်းဌာနသို့ပြောသည်။

တကယ်တမ်းတွင်   လူများများအပြင် ထွက်လေ ဗိုင်းရပ်ပိုမိုကူးစက်ပျံ့နှံ့လေဖြစ်ကြောင်း ၎င်းက BBC  သတင်းဌာန သို့ ပြောသည်။

ထို့ကြောင့်  လူအများအပြားမှာ အပြင်ထွက်ပြီး ညွှန်ကြားချက်များကို မလိုက်နာပါက ၎င်းတို့အနေဖြင့် အရေးယူ ဆောင်ရွက်မည် ဖြစ်ကြောင်း  မတ်ဟန်ကော့ကဆက်ပြောသည်။

ဗြိတိန်နိုင်ငံ၌ နိုဗယ်ကိုရိုနာ ဗိုင်းရပ်ကူးစက် ခံရသူ ၄၂၉၀၃ဦးနှင့် သေဆုံးသူ ၄၃၁၃ ဦးရှိလာပြီးနောက် မတ်ဟန်ကော့ ၏ သတိပေးချက် ထွက်ပေါ်လာခြင်းဖြစ်ကြောင်း သိရသည်။         

Read 44 times Last modified on Monday, 06 April 2020 09:37