SJ WorldNews - шаблон joomla Авто

ကမ္ဘာ့ကပ်ရောဂါကြောင့် အမေရိကန်နိုင်ငံသား အများအပြား ထပ်မံသေဆုံး ဦးမည်ဟုဆို

Monday, 06 April 2020 09:38 font size decrease font size decrease font size increase font size increase font size

ဝါရှင်တန်၊ ကျန်းမာရေး

အမေရိကန်နိုင်ငံသည် ကမ်္ဘာ့ကပ်ရောဂါ ဖြစ်ပွားမှုနှင့်ပတ်သက်၍ အလွန့်အလွန်ဆိုးဝါးသော အခြေအနေသို့  ဦးတည်နေ ကြောင်း၊ သမိုင်းတစ်လျှောက် မည်သည့် အချိန်တွင်မျှမတွေ့ရသည့် လူသေဆုံးမှုများကို  မြင်တွေ့ရမည်ဖြစ်ကြောင်း  သမ်္မတ ဒေါ်နယ်ထရမ့်က ဧပြီ ၄ ရက်တွင် အိမ်ဖြူ တော်၌ပြောသည်။

လက်ရှိဖြစ်ပွားနေသော နိုဗယ်ကိုရိုနာ ဗိုင်းရပ်ကူးစက်မှုကြောင့် အမေရိကန်နိုင်ငံသား တစ်သိန်းမှ ၂၄၀၀၀၀ အကြား သေဆုံး နိုင်သည်ဟု  အိမ်ဖြူတော်မှကျန်းမာရေး ကျွမ်းကျင်ပညာရှင်များက  ခန့်မှန်းထားသည်။

ဧပြီ ၅ ရက်အထိ ထုတ်ပြန်ချက်များအရ အမေရိကန်နိုင်ငံ၌ နိုဗယ်ကိုရိုနာဗိုင်းရပ် ကူးစက်ခံရသူ စုစုပေါင်း ၃၁၁၆၃၇ ဦးနှင့် သေဆုံးသူစုစုပေါင်း  ၈၄၅၄ ဦးရှိသည့် အတွက် ကမာပေါ်တွင်ဗိုင်းရပ် ကူးစက်မှုအများဆုံး နိုင်ငံဖြစ်နေသည်။

ထို့ပြင် ဒေါ်နယ်ထရမ့်သည် အကျိုးသက် ရောက်မှုရှိ၊  မရှိစမ်းသပ် နေဆဲဖြစ်သော ဗိုင်းရပ်ကာကွယ်ဆေးကို  ၎င်းကိုယ်တိုင်သုံး စွဲမည်ဖြစ်ကြောင်းနှင့် အခြားသူများအနေ ဖြင့်လည်း  ဆရာဝန်များ၏ အတည်ပြုချက် ဖြင့်သုံးစွဲရန် တိုက်တွန်းထားသည်။

ဒေါ်နယ်ထရမ့်က ထောက်ခံထားသော ဗိုင်းရပ် ကာကွယ်ဆေးမှာ ငှက်ဖျားရောဂါ ပျောက်ဆေးဖြစ်သည့် ဟိုက်ဒရော် ဆီ ကလိုရိုကွင်းဖြစ်သည်။

လက်ရှိတွင် အဆိုပါဆေးဝါးက နိုဗယ်ကိုရိုနာ ဗိုင်းရပ်ကြောင့် ဖြစ်သည့် ကိုဗစ်-၁၉ ရောဂါကို တိုက်ဖျက်နိုင်ခြင်းရှိ၊ မရှိ စမ်းသပ် စစ်ဆေးမှုများ လုပ်ဆောင်နေဆဲဖြစ်ကြောင်း သိရသည်။

 

Read 53 times Last modified on Monday, 06 April 2020 09:39