SJ WorldNews - шаблон joomla Авто

ဒေါ့မွန် အသင်း၏ ဆစ်ဂနယ် အီဒူနာ ပါ့ခ်ကွင်းကို COVID-19 ရောဂါသံသယလူနာများ စောင့်ရှောက် ကုသရေး အတွက် အသုံးပြု ခွင့်ပေး

Monday, 06 April 2020 10:10 font size decrease font size decrease font size increase font size increase font size

ဒေါ့မွန်၊ ဘောလုံး

ဂျာမန်ဘွန်ဒက်စ်လီဂါကလပ် ဒေါ့မွန်အသင်းသည် မိမိတို့၏အိမ်ကွင်းဖြစ်သော ဆစ်ဂနယ် အီဒူနာပါ့ခ် ကွင်းကို COVID-19 ရောဂါသံသယလူနာများ အတွက်  စောင့်ရှောက်ကုသပေးရန် အသုံးပြုခွင့်ပေးခဲ့သည်။ ဆစ်ဂနယ်အီဒူနာ ပါ့ခ်ကွင်းသည် ဂျာမနီ၌ အကြီးဆုံး ဘောလုံးကွင်းတစ်ကွင်းဖြစ်ပြီး ပရိသတ် ၈၁၀၀၀ ၀င်ဆံ့ကာ COVID-19ရောဂါ သံသယလူနာများကို မြောက်ဘက်တန်းပွဲ ကြည့်စင်၌ ကုသရန်စီစဉ်ပေးခဲ့သည်။

ပြီးခဲ့သည့် ရက်ပိုင်းကတည်းက ဆစ်ဂနယ်အီဒူနာပါ့ခ် ကွင်း၌ ဗိုင်းရပ်ပိုး ကာကွယ်ရေးဝတ်စုံဝတ်ထားသော  ကျန်းမာရေး ၀န်ထမ်းများ၏ ဓာတ်ပုံနှင့်  နှစ်မီတာစီခြားထားသော ထိုင်ခုံများကို တွေ့ရှိခဲ့ရပြီး ဧပြီ ၃ ရက်တွင် ဒေါ့မွန်

အသင်းက မိမိတို့ ဒေသအတွင်း ကျန်းမာရေးစောင့်ရှောက်မှုအဖွဲ့နှင့်ပူးပေါင်းပြီး COVID-19ရောဂါ သံသယ လူနာများ ကို ကွင်း၌ စောင့်ကြည့်ကုသမှုများ ပြုလုပ်ခဲ့ပြီဖြစ်ကြောင်း အတည်ပြုကြေညာခဲ့သည်။

ဒေါ့မွန်အသင်းက ““ကျွန်တော်တို့ရဲ့ အိမ်ကွင်းကို COVID-19 ရောဂါ သံသယလူနာတွေ ကုသဖို့အတွက် ဒေသခံ ကျန်းမာရေး အဖွဲ့တစ်ဖွဲ့ကို အသုံးပြုခွင့်ပေးခဲ့ပါတယ်။ ဒီရောဂါက ကမ္ဘာ့ကပ်ရောဂါဖြစ်လို့ ကျွန်တော်တို့လည်း တတ်နိုင် တဲ့ဘက်က ကူညီရတာဖြစ်ပါတယ်။ အားလုံး ပူးပေါင်းဆောင်ရွက်ပြီး ညီညွတ်ရင် ဒီကပ်ဘေးကို အောင်နိုင် မှာပါ””ဟု သတင်းထုတ်ပြန်ခဲ့သည်။

Read 44 times Last modified on Monday, 06 April 2020 10:11