Print this page

ကမ္ဘာ့ရေနံဈေးနှုန်းများ ဆက်လက်ကျဆင်းနေ

Tuesday, 07 April 2020 10:09 font size decrease font size decrease font size increase font size increase font size

မော်စကို၊ စီးပွားရေး

ဧပြီ ၆ ရက်နံနက်ပိုင်း ဈေးကွက်အဖွင့်ဈေးများအရ ကမ္ဘာ့ရေနံဈေးနှုန်းများ ဆက်လက်ကျဆင်း နေကြောင်းသိရသည်။ ဘရန့်ရေနံစိမ်းဈေးနှုန်းမှာတစ်စည်လျှင် အမေရိကန်ဒေါ်လာ ၃၁ ဒသမ ၆၉ ဒေါ်လာရှိသည့်အတွက် ၉ ဒသမ ဝ၂ ရာခိုင်နှုန်း ကျဆင်းသည်ကို တွေ့ရသည်။

WTI ၏ရေနံစိမ်းဈေးနှုန်းမှာ တစ်စည်လျှင် အမေရိကန်ဒေါ်လာ ၂၅ ဒသမ ၉၆ ဒေါ်လာ သာရှိသောကြောင့် ၁ဝ ဒသမ ၃၉ ရာခိုင်နှုန်းကျဆင်းသည်။ လက်ရှိဖြစ်ပွားနေသော ကမ္ဘာ့ ကပ်ရောဂါကြောင့် ကမ္ဘာတစ်ဝန်းရှိ စီးပွားရေး လုပ်ငန်းများ ရပ်နားထားရသည့်အတွက် ဝယ် လိုအား အလွန်အမင်းကျဆင်းလာပြီး ကမ္ဘာ့ရေနံဈေးနှုန်းကိုပါ ဆိုးဝါးစွာကျဆင်းစေခြင်း ဖြစ် သည်။

ထို့ပြင် ကမ္ဘာ့ရေနံတင်ပို့သည့် နိုင်ငံများအဖွဲ့က ရေနံထုတ်လုပ်မှုကိုလျှော့ချရန် သဘော တူညီချက်ကို သက်တမ်းတိုး နိုင်ခြင်းမရှိသည့်အတွက်လည်း ရေနံဈေးနှုန်းများ ကျဆင်း လာခြင်းဖြစ်ကြောင်း သိရသည်။

Ref: Sputnik

Read 60 times Last modified on Tuesday, 07 April 2020 10:11