Print this page

သီအိုဒိုရုစဗဲ့လေယာဉ်တင်သင်္ဘောမှ စစ်ရေယာဉ်မှူးဟောင်း နိုဗယ်ကိုရိုနာဗိုင်းရပ် ကူးစက် ခံထားရ

Tuesday, 07 April 2020 10:11 font size decrease font size decrease font size increase font size increase font size

ဝါရှင်တန်၊ ကျန်းမာရေး

အမေရိကန်၏ နျူကလီးယားစွမ်းအင်သုံး လေယာဉ်တင်သင်္ဘောဖြစ်သည့် သီအိုဒိုရုစဗဲ့မှ စစ်ရေယာဉ်မှူးဟောင်း ရေတပ်ဗိုလ်မှူးကြီး ဘရတ်ခရိုဇီယာသည် နိုဗယ်ကိုရိုနာ ဗိုင်းရပ်ကူး စက်ခံထားရကြောင်း သတင်းဌာနများက ဖော်ပြထားသည်။

ဗိုလ်မှူးကြီး ဘရတ်ခရိုဇီယာသည် သီအိုဒိုရုစဗဲ့ လေယာဉ်တင်သင်္ဘော၌ နိုဗယ်ကိုရိုနာ ဗိုင်းရပ်ကူးစက်မှုမှာ ထိန်းသိမ်းမရသည့် အခြေအနေဖြစ်နေသောကြောင့် စစ်ရေယာဉ်မှ စစ်သည်များကို ကယ်တင်ရန် ပင်တဂွန်စစ်ဌာနချုပ်သို့ အကူအညီ တောင်းခံသူဖြစ်သည်။

သို့သော် စစ်ဘက်ဆိုင်ရာ အတွင်းရေး သတင်းအချက်အလက်များကို ပေါက်ကြားစေမှု၊ ခွင့်ပြုချက်မရဘဲ ဗီယက်နမ်ဆိပ်ကမ်း၌ ဆိုက်ကပ်ပြီး စစ်သည်များကို ဆင်းစေမှုတို့ဖြင့် စစ်ရေယာဉ်မှူးရာထူးမှ ဖယ်ရှားခံလိုက်ရသည်။

ဘရတ်ခရိုဇီယာသည် ရာထူးမှဖယ်ရှားခြင်းမခံရမီ ဗိုင်းရပ်ကူးစက်မှု ရောဂါလက္ခဏာများ ပြသကြောင်းနှင့် ယခုအခါ ဗိုင်းရပ်ကူးစက်ခံထားရသည်ကို တွေ့ရှိကြောင်း ရေတပ် အကယ်ဒမီမှ ၎င်း၏ သူငယ်ချင်းနှစ်ဦးက New York Times သတင်းစာသို့ ဧပြီ ၅ ရက်တွင် ပြောသည်။

ယခုအခါ သီအိုဒိုရုစဗဲ့မှရေတပ်စစ်သည် ၁၅၅ ဦးမှာ နိုဗယ်ကိုရိုနာဗိုင်းရပ် ကူးစက်ခံထား ရကြောင်းနှင့် အဆိုပါ စစ်သည်များသည် ဗီယက်နမ်နိုင်ငံမှ နိုဗယ်ကိုရိုနာ ဗိုင်းရပ်ကူးစက် ခံရခြင်းဖြစ်ကြောင်း အမေရိကန်ရေတပ်၏ ထုတ်ပြန်ချက်အရ သိရသည်။

Ref: Sputnik

Read 61 times Last modified on Tuesday, 07 April 2020 10:13