SJ WorldNews - шаблон joomla Авто

ကွာလာလမ်ပူမြို့ရှိခရိုင်လေးခုကို ဗိုင်းရပ်ကူးစက်မှု အနီရောင်ဇုန်များအဖြစ်သတ်မှတ်

Tuesday, 07 April 2020 10:13 font size decrease font size decrease font size increase font size increase font size

ကွာလာလမ်ပူ၊ ကျန်းမာရေး

မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့တော်ရှိ ခရိုင်လေးခုတွင် နိုဗယ်ကိုရိုနာဗိုင်းရပ် ကူးစက်ခံရသူ အရေအတွက် များပြားလာပြီးနောက် ထိုခရိုင်များကို ဗိုင်းရပ်ကူးစက်မှု အနီရောင်ဇုန်များအဖြစ် သတ်မှတ်လိုက်ကြောင်း တာဝန်ရှိသူများက ပြောသည်။

အနီရောင်ဇုန်များအဖြစ် သတ်မှတ်ခံရသည့် ခရိုင်များအနက် လမ်ဘာပန်တိုင်းတွင် ဗိုင်းရပ်ကူး စက်ခံရသူ ၃၇၆ ဦး၊  ကီပေါင်းတွင် ၁၁၂ ဦး၊  တီတီဝန်ဆာတွင် ၉ဝ နှင့် နောက်ဆုံးသတ်မှတ် ခံရသည့်  ချီရတ်တွင် ၄၄ ဦးရှိကြောင်းသိရသည်။

ခရိုင်တစ်ခု၌  ဗိုင်းရပ်ကူးစက်ခံရသူ အယောက် ၄ဝ ကျော်ပါက ယင်းခရိုင်ကို အနီရောင်ဇုန် အဖြစ်သတ်မှတ်သည်။ ထို့နောက်တာဝန်ရှိသူများက ယင်းခရိုင်များကို သွားလာလှုပ်ရှားမှု ထိန်းချုပ်ရေးအမိန့်(MCO)အရ တင်းကျပ်သော စည်းမျဉ်းများချမှတ်ထားကြောင်း သိရသည်။

မတ် ၁၈ ရက်မှ ဧပြီ ၁၄ ရက်အထိ ၂၈ ရက်ကြာချမှတ်ထားသော MCO သည် ဧပြီ ၆ ရက်တွင် ရက် ၂ဝ မြောက်သို့ ရောက်ရှိလာသည်။

ထို့ကြောင့် မလေးရှားနိုင်ငံ၏ လူဦးရေအထူထပ်ဆုံးဒေသများဖြစ်သော ကွာလာလမ်ပူမြို့ တော်ရှိ ခရိုင်လေးခုကို အနီရောင်ဇုန်များအဖြစ် သတ်မှတ်ခြင်းသည် ဗိုင်းရပ်ကူးစက်ပျံ့နှံ့မှု တိုက်ဖျက်ရေး တင်းကျပ်သည့် စည်းမျဉ်းများဖြင့် အချိန်ပိုကြာမည်ဟူသော ဝေဖန်မှုများ ထွက်ပေါ်စေကြောင်း သိရသည်။

သို့သော် နိုဗယ်ကိုရိုနာဗိုင်းရပ်ကို တိုက်ဖျက်ရေး လုပ်ငန်းသည် ရေရှည်စစ်ပွဲဖြစ်ကြောင်း ဗဟိုနယ်မြေဒေသရေးရာ ဝန်ကြီး အန်နျူအာမူဆာက ဧပြီ ၆ ရက်တွင် ပြောသည်။

မလေးရှားနိုင်ငံ၌ အနီရောင်ဇုန်များအဖြစ် သတ်မှတ်သည့်ဒေသသည် လက်ရှိတွင် ၁၈ ခုအထိ ရှိလာကြောင်း ကျန်းမာရေးဝန်ကြီးဌာနက  ထုတ်ပြန်ထားကြောင်း သိရသည်။

Ref: The Straits Times

Read 57 times Last modified on Tuesday, 07 April 2020 10:14