SJ WorldNews - шаблон joomla Авто

ဥရောပ၌ နိုဗယ်ကိုရိုနာဗိုင်းရပ်ကူးစက်ခံရသူများအတွက် ဆေးဝါးများပြတ်လပ်နေ

Wednesday, 08 April 2020 11:59 font size decrease font size decrease font size increase font size increase font size

သဟေ့၊ ကျန်းမာရေး

ကမ္ဘာတစ်ဝန်း၌ နိုဗယ်ကိုရိုနာဗိုင်းရပ်အတွက် ကာကွယ်ဆေးရရှိရန် စောင့်ဆိုင်းနေစဉ် ဥရောပ ၌ အဆိုပါ ဗိုင်းရပ်ကူးစက်ခံရသော လက္ခဏာများနှင့် ပတ်သက်၍ ကုသသည့်ဆေးဝါးများ ပြတ်လပ်နေကြောင်း သိရသည်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ထောက်ခံပေးထားသော ငှက်ဖျားရောဂါကာကွယ်ဆေး များ တိုက်ကျွေးမှုကြောင့် အသက်ရှူရန်ခက်ခဲနေသော လူနာများအတွက် စိတ်ငြိမ်ဆေးများ လိုအပ်ကာ နိုဗယ်ကိုရိုနာဗိုင်းရပ်ကူးစက်မှုကြောင့် ထိုဆေးများမှာ ပြတ်လပ်လုနီးပါးဖြစ်လာ သည်။

ဆေးဝါးလိုအပ်ချက်များမှာ ဆက်လက်မြင့်တက်လျက်ရှိပြီး အထူးသဖြင့် ဗိုင်းရပ်ကူးစက်ခံ ရသည့် လူနာများအတွက် ဆေးဝါးလိုအပ်ချက်မှာ စိုးရိမ်ဖွယ်ရာဖြစ်လာကြောင်း ဥရောပဆေး ဝါးအေဂျင်စီ (EMA)က ဧပြီ ၆ ရက်တွင ပြောသည်။

ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံအချို့က ၎င်းတို့နိုင်ငံများတွင် နိုဗယ်ကိုရိုနာဗိုင်းရပ် ကူးစက်ခံရသူ လူနာများအတွက် ဆေးဝါးများ ပြတ်လပ်လျက်ရှိပြီး ဆေးဝါးများ အမြန်ဆုံးရရှိရေး မျှော်လင့် လျက်ရှိကြောင်း အမ်စကာဒမ်အခြေစိုက် အဖွဲ့အစည်းတစ်ခုက အစီရင်ခံစာတစ်စောင်တွင် ပြောသည်။

ဥရောပတိုက်သည် နိုဗယ်ကိုရိုနာ ဗိုင်းရပ်ကူးစက်မှုကို အများဆုံးခံစားရသည့် နေရာဖြစ်လာပြီး   ဗိုင်းရပ်ကူးစက်မှုကြောင့် လူ ၅ဝဝဝဝ ကျော် သေဆုံးထားသည်။

ဥရောပရှိ အဓိကဆေးရုံကြီးကိုးခုကို မတ်လကုန်မှစ၍ ဗိုင်းရပ်ကူးစက်သည့် လူနာများကို  ကုသရန်ဖွင့်လှစ်ခဲ့ပြီး ဆေးဝါးလိုအပ်ချက်များအတွက် နိုင်ငံတကာနှင့် ပူးပေါင်းဆောင်ရွက်နေ သည်။

အဆိုပါဆေးရုံများ၌ လူနာများအတွက် စိတ်ငြိမ်ဆေး၊ အကိုက်အခဲပျောက်ဆေး၊ ကြွက်သား များ နာကျင်မှု သက်သာစေသည့် ဆေးများအပါအဝင် လူနာများ အသက်ပြန်ရှူအောင် ပြုစုပေးနေသော အရေးကြီးသည့် ဆေးဝါးများ လိုအပ်လျက်ရှိကြောင်း သိရသည်။

Ref: The Straits Times

Read 44 times Last modified on Wednesday, 08 April 2020 12:02