SJ WorldNews - шаблон joomla Авто

ရှင်ဇိုအာဘေးက နိုင်ငံအတွင်း အရေးပေါ်အခြေအနေ ထုတ်ပြန်

Wednesday, 08 April 2020 12:02 font size decrease font size decrease font size increase font size increase font size

တိုကျို၊ ကျန်းမာရေး

ဂျပန်နိုင်ငံရှိ လူဦးရေထူထပ်များပြားသည့် တိုကျိုမြို့တော်အတွင်း နိုဗယ်ကိုရိုနာ ဗိုင်းရပ်ကူး စက်မှုမြင့်တက်လာပြီးနောက် ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးက ဧပြီ ၇ ရက်တွင် အရေးပေါ် အခြေအနေထုတ်ပြန် ကြေညာလိုက်သည်။

ဗိုင်းရပ်ကူးစက်မှုကြောင့် ပြည်သူများ နေအိမ်အတွင်း၌ နေထိုင်ရန်နှင့် စီးပွားရေး လုပ်ငန်းများ ပိတ်ထားရန် အာဏာပိုင်များက ဖိအားပေးတိုက်တွန်းရေးအတွက် အဆိုပါ အရေးပေါ်အခြေ အနေကို ထုတ်ပြန်ခြင်း ဖြစ်သည်။

လူဦးရေ ၄၄ သန်းခန့်ရှိသော နိုင်ငံအတွင်းမှ စီရင်စုခြောက်ခုနှင့် တိုကျိုမြို့အတွင်း၌ ယင်း အရေးပေါ်အခြေအနေကို ချမှတ်ထားပြီး သက်တမ်းမှာ မေ ၆ ရက် အထိဖြစ်သည်။

လက်ရှိတွင် အရေးကြီးဆုံးအရာမှာ နိုင်ငံသားတစ်ဦးချင်းစီအတွက် ၎င်းတို့၏ ဗိုင်းရပ်တိုက် ဖျက်ရေးလှုပ်ရှားဆောင်ရွက်မှုများ ပြောင်းလဲရန်ဖြစ်ကြောင်း ရှင်ဇိုအာဘေးက အစိုးရအဖွဲ့၏ တွေ့ဆုံပွဲ၌ ပြောသည်။

ပြည်သူတစ်ဦးချင်းအနေဖြင့် အခြားလူများနှင့် ထိတွေ့ဆက်ဆံမှုကို ၇ဝ ရာခိုင်နှုန်းနှင့် ၈ဝ ရာခိုင်နှုန်းအထိ လျှော့ချလိုက်ပါက သီတင်းပတ်နှစ်ပတ်အတွင်း ရောက်ရှိလာမည့် နိုင်ငံ အတွင်း ဗိုင်းရပ်ကူးစက်ခံရသူ အမြင့်ဆုံးအရေအတွက်ကို မြင်တွေ့နိုင်ကြောင်း ၎င်းက ဆက်ပြောသည်။

ကမ္ဘာ့တတိယ စီးပွားရေးအင်အားကြီး နိုင်ငံဖြစ်သည့် ဂျပန်နိုင်ငံ၌ အဆိုပါကပ်ရောဂါ၏ သက်ရောက်မှုကို လျှော့ချနိုင်ရန် အစိုးရက ယန်း ၁ဝ၈ ထရီလီယံထောက်ပံ့ ပေးထားသည်။ ယင်းပမာဏသည် နိုင်ငံ၏ အသားတင် ကုန်ထုတ်လုပ်မှု တန်ဖိုးမှ ၂ဝ ရာခိုင်နှုန်းနှင့် ညီမျှ ကြောင်း သိရသည်။

ယခုအခါ ဂျပန်နိုင်ငံ၌ ဗိုင်းရပ်ကူးစက်ခံရသူစုစုပေါင်း ၃၉ဝ၆ ဦးနှင့် သေဆုံးသူ ၉၂ ဦးရှိ ကြောင်း သိရသည်။

Ref: The Straits Times

Read 49 times Last modified on Wednesday, 08 April 2020 12:03