SJ WorldNews - шаблон joomla Авто

မွမ်ဘိုင်းမြို့၌ နေထိုင်သူအားလုံး နှာခေါင်းစည်းတပ်ရန် အစိုးရက အမိန့်ထုတ်

Thursday, 09 April 2020 11:38 font size decrease font size decrease font size increase font size increase font size

မွမ်ဘိုင်း၊ ကျန်းမာရေး

အိန္ဒိယနိုင်ငံ၏ စီးပွားရေးမြို့တော်ဖြစ်သော မွမ်ဘိုင်းမြို့၌ နိုဗယ်ကိုရိုနာဗိုင်းရပ် ကူးစက်မှုမြင့် တက်လာခြင်းကြောင့် ဒေသခံများအနေဖြင့် အများပြည်သူများ သွားလာရာနေရာတွင် နှာခေါင်းစည်းတပ်ရန် အစိုးရက အမိန့်ထုတ်လိုက်ကြောင်း သိရသည်။

အဆိုပါအမိန့်ကို ဧပြီ ၈ ရက်တွင် ထုတ်ပြန်လိုက်ပြီး ညွှန်ကြားချက်ကို ချိုးဖောက်သူ မည်သူကို မဆို ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၁၈၈ ဖြင့် တရားစွဲပြီး ပြစ်ဒဏ်ချမှတ်သွား မည်ဖြစ်သည်။

အိန္ဒိယ၏ ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၁၈၈ အရ သာမန်ပြစ်မှုဆိုပါက ထောင်ဒဏ်တစ်လ သို့မဟုတ် ဒဏ်ငွေ အမေရိကန်ဒေါ်လာ သုံးဒေါ်လာ သို့မဟုတ် ပြစ်ဒဏ် နှစ်ခုစလုံးကျခံရနိုင် သည်။ သို့သော် လူတစ် ယောက်၏ ဘဝ၊ ကျန်းမာရေး သို့မဟုတ်လုံခြုံမှုကို အန္တရာယ်ဖြစ် စေသော ကြီးလေးသည့် ပြစ်မှုကိုကျူးလွန်ပါက ထောင်ဒဏ်ခြောက်လ သို့မဟုတ် ဒဏ်ငွေ အမေရိကန် ဒေါ်လာ ၁၃ ဒေါ်လာ သို့မဟုတ် ပြစ်ဒဏ် နှစ်မျိုးစလုံး ကျခံရမည်ဖြစ်သည်။

မွမ်ဘိုင်းမြို့၌ နိုဗယ်ကိုရိုနာဗိုင်းရပ် ကူးစက်ခံရသူ ၅၉ဝ နှင့် သေဆုံးသူ ၄ဝ ရှိကြောင်း၊ ယခု အခါ မြို့ကိုအသွားအလာ တားမြစ်ထားကြောင်းနှင့် ဗိုင်းရပ်ကူးစက် ခံရသူမြင့်တက်လာခြင်း ကြောင့် အသွားအလာ တားမြစ်မိန့်ကာလ သက်တမ်းတိုးမြှင့်နိုင်ကြောင်း သိရသည်။

ရဲတပ်ဖွဲ့ဝင်များအနေဖြင့် ညွှန်ကြားချက် ချိုးဖောက်သူများကို မည်သည့်ပြစ်ဒဏ်မဆို ပေးရန်  အဆိုပါအမိန့်တွင် ခွင့်ပြုထားသည်။

Ref: Xinhua

Read 58 times Last modified on Thursday, 09 April 2020 11:41