SJ WorldNews - шаблон joomla Авто

ချား(စ်)ဒီဂေါလေယာဉ်တင်သင်္ဘောရှိစစ်သည်များ နိုဗယ်ကိုရိုနာဗိုင်းရပ် ကူးစက်ခံထားရ

Thursday, 09 April 2020 11:41 font size decrease font size decrease font size increase font size increase font size

ပဲရစ်၊ ကျန်းမာရေး

ပြင်သစ်နိုင်ငံ၏ လေယာဉ်တင်သင်္ဘော ချား(စ်)ဒီဂေါရှိ စစ်သည်များ နိုဗယ်ကိုရိုနာ ဗိုင်းရပ် ကူးစက်ခံထားရကြောင်းနှင့် သင်္ဘောကို ဆိပ်ကမ်းသို့ကပ်မည်ဖြစ်ကြောင်း ကာကွယ်ရေး ဝန်ကြီးဌာနက ထုတ်ပြန်သည်။

စစ်သည်အယောက် ၄ဝ ခန့်သည် နိုဗယ် ကိုရိုနာဗိုင်းရပ် ကူးစက်ခံထားရသည့်အတွက် ဆေးကုသမှုခံယူနေရကြောင်း သိရသည်။ အဆိုပါသင်္ဘောသည် ယခုအခါ အတ္တလန္တိတ် သမုဒ္ဒရာတွင် တည်ရှိနေပြီး ဧပြီ ၂၃ ရက်တွင် မြေထဲပင်လယ်မှတစ်ဆင့် တူလွန် ဆိပ်ကမ်းသို့ ပြန်ကပ်ရန် စီစဉ်ထားသည်။

ထိုသင်္ဘောသည် ပြင်သစ်နိုင်ငံ၏ ပထမဆုံးသော နျူကလီးယား စွမ်းအင်သုံးလေယာဉ်တင် သင်္ဘောဖြစ်သည့်အပြင် အမေရိကန်ပြီးနောက် တစ်ခုတည်းသော နျူကလီးယား စွမ်းအင်သုံး လေယာဉ်တင်သင်္ဘောဖြစ်သည်။

အဆိုပါသင်္ဘောသည် Rafale-M လေယာဉ် ၁၂ စင်းပါ လေယာဉ်အုပ်သုံးအုပ်နှင့် E-2C Hawkeye လေယာဉ်သုံးစင်းပါ လေယာဉ်အုပ် တစ်အုပ်တို့ကို တင်ဆောင်ထားသည်။

ထို့ပြင် ချား(စ်)ဒီဂေါသည် ရေတပ် စစ်သည် ၂ဝဝဝ ကျော်နှင့်အတူ စစ်သည် ၈ဝဝ ကို သယ်ယူပို့ဆောင်နိုင်ကြောင်း သိရသည်။               

Ref: Sputnik

Read 58 times Last modified on Thursday, 09 April 2020 11:43