SJ WorldNews - шаблон joomla Авто

စင်ကာပူ၌ နိုဗယ်ကိုရိုနာဗိုင်းရပ်ကူးစက်မှု ၁ဝဝဝဝ ကျော်အထိရှိလာ

Thursday, 23 April 2020 10:24 font size decrease font size decrease font size increase font size increase font size

စင်ကာပူ၊ ကျန်းမာရေး

စင်ကာပူနိုင်ငံအတွင်းရှိ ရွှေ့ပြောင်း အလုပ်သမားများအကြား နိုဗယ်ကိုရိုနာဗိုင်းရပ် ကူးစက် ပျံ့နှံ့မှုကြောင့် ဧပြီ ၂၂ ရက်တွင် ဗိုင်းရပ်ကူးစက်ခံရသူစုစုပေါင်း ၁ဝဝဝဝ ကျော် အထိရှိ လာပြီဖြစ်ကြောင်း သိရသည်။

ဧပြီ ၂၂ ရက်တွင် ဗိုင်းရပ်ကူးစက်ခံရသူ အရေအတွက်မှာ ၁ဝ၁၆ ဦးရှိကြောင်း ကျန်းမာရေး ဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။ ဗိုင်းရပ်ကူးစက်ခံရသူ အများစုမှာ နိုင်ငံတစ်ဝန်းရှိ ရွှေ့ ပြောင်းအလုပ်သမား များဖြစ်ပြီး ၁၅ ဦးမှာ စင်ကာပူနိုင်ငံ၌ အမြဲတမ်း နေထိုင်ခွင့်ရသူ များဖြစ်ကြောင်း ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

လူဦးရေ နှစ်သိန်းကျော်နေထိုင်သော အဆိုပါ ရွှေ့ပြောင်းအလုပ်သမား အိပ်ဆောင်များတွင် ဗိုင်းရပ်ကူးစက်ခံရသူ အရေအတွက် တိုးမြင့်လာခြင်းကြောင့် အစိုးရ၏ ဗိုင်းရပ်ကူးစက်ပျံ့နှံ့မှု ထိန်းချုပ်ရေးကြိုးပမ်း ဆောင်ရွက်မှုကို အခက်အခဲဖြစ် စေမည်ဖြစ်သည်။

အိပ်ဆောင်များတွင် ဗိုင်းရပ်ကူးစက်သူ အရေအတွက်တိုးလာခြင်းက အလွန်ဆိုးရွားသော ပြဿနာဖြစ်ကြောင်း၊ ဗိုင်းရပ်ကူးစက်ခံရသူကို အလျင်မြန်ဆုံး သိရှိစေနိုင်ရန်အတွက် စစ်ဆေး မှုများကို အမြန်ဆုံး ပြုလုပ်ခဲ့ကြောင်း၊ ဖျားနာသည့် လက္ခဏာပြသူများသာမက ရောဂါ လက္ခဏာ မပြသူများကိုပါ စစ်ဆေးခဲ့ကြောင်း ဝန်ကြီးချုပ်လီရှန်လွန်းက ဧပြီ ၂၁ ရက်တွင် ပြောသည်ဟု သိရသည်။

Ref: Bangkok Post

Read 59 times Last modified on Thursday, 23 April 2020 10:36