SJ WorldNews - шаблон joomla Авто

ပြုံယမ်းမြို့၌ အခြေခံ စားသောက်ကုန်များကို ကြောက်လန့်တကြား အလုအယက်ဝယ်ယူမှုဖြစ်ပွား

Friday, 24 April 2020 11:35 font size decrease font size decrease font size increase font size increase font size

ပြုံယမ်း၊ ပြည်တွင်းရေး

မြောက်ကိုရီးယားနိုင်ငံ   ပြုံယမ်းမြို့၌  ယခုသီတင်းပတ်အတွင်း အခြေခံစားသောက်ကုန်များကို    ကြောက်လန့် တကြားအလု အယက်ဝယ်ယူမှုဖြစ်ပွားကြောင်း မြောက်ကိုရီးယားနိုင်ငံအရေး အသားပေးဖော်ပြသည့်  သတင်းဌာန တစ်ခုက ထုတ်ပြန်ထားသည်။

ပြုံယမ်းမြို့၌    နိုဗယ်ကိုရိုနာဗိုင်းရပ် ကူးစက်ပျံ့နှံ့မှု ထိန်းချုပ်ရေးအတွက်  တင်းကျပ်သောစည်းမျဉ်းများချမှတ်မည့်  အလားအလာရှိ နေခြင်းကြောင့်သာဖြစ်နိုင်ပြီး မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအွန်အနေဖြင့်  အသည်းအသန် နာမကျန်း ဖြစ်နေသည်ဟူသောသတင်းကြောင့်မဟုတ်ကြောင်း NK News သတင်းဌာနက ဖော်ပြထားသည်။ ထိုသို့ ကြောက်လန့် တကြား ၀ယ်ယူမှုကြောင့် သွင်းကုန်သစ်သီးဝလံများဝယ်ယူမှုကို အစောပိုင်းတွင် ကန့်သတ်ထားပြီး ယခုအခါ အခြား စားသောက်ကုန်များ ကိုပါကန့်သတ်လိုက်ရကြောင်း ပြုံယမ်းမြို့၌ နေထိုင်ပြီး နိုင်ငံပြင်ပနှင့် အဆက် အသွယ် ရှိသူများ၏   ပြောဆိုချက်ကို ကိုးကား၍  အဆိုပါသတင်းဌာနက ပြောသည်။

မြောက်ကိုရီးယားနိုင်ငံသည် အိမ်နီးချင်း တရုတ်နိုင်ငံ၌   ဗိုင်းရပ်ကူးစက်မှုစတင် မြင့်တက်ကတည်းက ၎င်း၏ နယ်စပ်များ ကိုပိတ်ထားခြင်းဖြစ်ပြီး  ယခုအချိန်အထိ  နိုင်ငံအတွင်း ဗိုင်းရပ်ကူးစက်ခံရသူတစ်ဦးမျှ မရှိကြောင်း တာဝန်ရှိ သူများက အခိုင်အမာ ပြောထားသည်။

သို့သော် နိုင်ငံအတွင်း စစ်ရေးလှုပ်ရှားမှုများ  သိသိသာသာလျော့နည်း သွားသည်ကိုကြည့်ခြင်းအားဖြင့် ဗိုင်းရပ် ကူးစက်မှု ရှိနေ နိုင်ပြီဖြစ်ကြောင်း တောင်ကိုရီးယား နိုင်ငံဆိုင်ရာ အမေရိကန် တပ်မှူး ဗိုလ်ချုပ်ကြီး ရောဘတ် အေဘရမ်က ပြောသည်ဟု သိရသည်။                 

Read 41 times Last modified on Friday, 24 April 2020 11:36